14

171 32 5
                                    

"ကိုကို"

"ဘာတုန်း 1st month လေ"

"မေ့နေတယ်ထင်ပြီး ကျွန်တော်ကစိတ်ဆိုးတော့မလို့လို့"

"အခုရော.. ဆိုးသေးလား"

ပြုံးစိစိနှင့်မေးလိုက်တော့ ထိုကောင်လေးက မျက်လုံးလေးကလယ်ကလယ်လုပ်ကာ အသံတိုးတိုးလေးထွက်လာသည်။

"စိတ်ဆိုးတယ်ဆိုတာ ဘာလဲ ကိုကို"

"အတတ်လေး"

"တတ်လည်း ချစ်မယ့်ကိုကို ရှိတယ်လေ"

ပြုံးစိစိနှင့်ပြောလာတာမို့ ရယ်လိုက်ကာ ပါးဖောင်းဖောင်းလေးကို နမ်းမွှေးပြီး ချစ်ရသူလေး၏ လက်ကိုဆွဲကာ ပန်းခြံအလည်ရှိ စီစဉ်ထားရာနေရာလေးကို ခေါ်သွားလိုက်သည်။

Cake လှလှလေးတွေနှင့် လိုအပ်တာထက်ပိုပြင်ဆင်ထားသော စားပွဲလေးသည် ကောင်လေးအတိုင်းထက်အလွန်ဝမ်းသာနေမှန်း မျက်လုံးတောက်တောက်လေးတွေက သက်သေပြုနေသည်။ ပြင်ပေးထားသည့် ခုံလေးတွင်နေရာယူလိုက်တော့ Sunghoon က နှင်းဆီဖြူပန်းစည်းကြီးကို ပေးလာလေသည်။

"ကိုကို"

"..."

"ကျွန်တော့်ကို ရူးအောင်ပြုစားနေတာလား"

"အင်း ကလေးကိုယ့်ဆီကထွက်သွားမှာကြောက်လို့"

"ဘာလို့ထွက်သွားရမှာလဲ ကုတ်နဲ့ကော်ထုတ်တောင်မထွက်ဘူး"

"အဲ့ဆို ကိုယ့်ဘဝကြီးကို Sunoo လက်ထဲထည့်လိုက်တော့မယ်"

"ယုံယုံကြည်ကြည် အပ်နှံနိုင်ပါတယ် ခင်ဗျာ"

နှစ်ယောက်တူတူ စကားပြောကြရင်း ညနေတစ်ညနေခင်းလုံးတူတူကုန်ဆုံးခဲ့ကြပြီး အိမ်ပြန်ရမည့်အချိန်ရောက်လာပြီမို့ ကောင်လေး၏အဖေကဖုန်းခေါ်လာသည်။

"ဟုတ်ပါး"

"..."

"အင်းပြန်လာနေပြီ သူငယ်ချင်းတစ်ယောက်နဲ့ သီချင်းဆိုနေလို့ Sunghoonie ကိုမဆူနဲ့နော်"

"..."

"ချစ်တယ်နော် ပါး"

ကလေးလေးသည် သူ့ကိုတင်မဟုတ်ဘဲ မိသားစုဝင်များနှင့် သူချစ်သည့်သူတိုင်းကိုချွဲတတ်တာကြောင့် လူချစ်လူခင်သိပ်များသည်။ မနာလိုသူတွေလည်း သိပ်များတာမို့ ဒီကောင်လေးမထိခိုက်အောင်တော့ တတ်နိုင်သမျှကာကွယ်ပေးချင်သည်။

ကိုကိုချစ်သော ကလေးငယ်(mine)Onde histórias criam vida. Descubra agora