8

202 37 4
                                    



"အဟမ်း"

ရင်ဘတ်ကိုလက်နှင့်တွန်းလာတော့မှ သူလွှတ်ပေးမိသည်။ ပြီးနောက် နီရဲနေသောမျက်နှာလေးနှင့်ထိုကောင်လေးသည်ကျွန်တော့်ကျောကိုစတင်ထုရိုက်တော့သည်။

"ရူးသွားပြီလား နှာဘူးကြီးရဲ့ "

"ကိုယ့်စိတ်ကိုမထိန်းလိုက်နိုင်ဘူး တောင်းပန်ပါတယ် "

"ကျွန်တော့်ကို မေတ္တာတွေဘာတွေရှိနေလို့ဆိုလည်းထား အခုကြခင်ဗျားလိုအင်ရမ္မက်ကြောင့် နမ်းပြီးမထိန်းနိုင်ဘူးလို့တောင်းပန်ရလား ကျွန်တော်ကအဲ့လောက်တောင်လွယ်နေလားဟမ်"

"ဟင် ကောင်လေးမှားနေပြီ ကိုယ်မင်းကိုအဲ့လိုစိတ်ကြောင့်နမ်းတာမဟုတ်ဘူး သဘောကျလို့ မြတ်နိုးလို့ ဒါပေမယ့် ကိုယ်မင်းကိုချစ်တယ်ဆိုတာမသေချာသေးလို့အဲ့စကားကိုမပြောနိုင်သေးဘူး "

"ခင်ဗျားကလေ သွား ပြန်တော့ "

"ကိုယ့်ကိုမနှင်ပါနဲ့"

"စိတ်ဆိုးတယ် အရမ်းစိတ်ဆိုးတယ် ကျွန်တော့်ကိုတန်ဖိုးမရှိသလိုလာမလုပ်နဲ့ Sunghoonie ကျွန်တော်လည်းယောကျာ်းမို့ ယောကျာ်းမာနရှိတယ် ကျွန်တော်ယောကျာ်းလေးတစ်ယောက်နဲ့ပက်သက်ဖူးတယ်ဆိုတာနဲ့ လွယ်လွယ်ရမယ့်ကောင်မျိုးလို့ တစိုးတစိတောင်မထင်လိုက်နဲ့ အခုတော့ပြန်ပါ"

"ကိုယ်တောင်းပန်ပါတယ် မင်းကိုကိုယ်သိပ်တန်ဖိုးထားတာပါ ချစ်တယ်ဆိုတာ ကိုယ့်ကိုကိုယ်သေချာတဲ့တစ်နေ့ ကိုယ်မင်းကိုသေချာပေါက်ဖွင့်ပြောမှာပါ အခုတော့ကိုယ်မင်းစိတ်တိုင်းကျအတိုင်းဖြစ်အောင် ပြန်ပါ့မယ် "

ထို့နောက်ထိုကောင်လေးသည် ကုတင်ပေါ်ထိုင်နေရင်း မျက်နှာလွှဲထားလေသည်။ စတောင်မစရသေး ကောင်လေးကျွန်တော့်ကိုစိတ်ဆိုးချေတော့မည်။ ထွက်သွားစေချင်သည်မို့ ခေါင်းမမာတော့ဘဲ လက်သီးကိုကျစ်ကျစ်ဆုပ်ကာ ထွက်လာခဲ့လိုက်တော့သည်။

ကုတင်ပေါ်ကျန်ခဲ့သည့် ကောင်လေးသည်လည်း မျက်ရည်တွေကျကာ တစ်ယောက်တည်းပွစိပွစိနှင့် ငို၍ကျန်ရစ်ခဲ့တော့သည်။

" အကျင့်ကိုမကောင်းတဲ့လူကြီး အသားယူမယ်ဆိုရင်လည်း တခြားနည်းနဲ့ယူပါ့လား အခုတော့သူများကိုရင်ခုန်သေအောင်... မချစ်လည်း အပြုအမူတွေနဲ့တင်ဒီကရူးတော့မှာကို အကျင့်ပုတ်လိုက်တာ အဟင့်"

ကိုကိုချစ်သော ကလေးငယ်(mine)Where stories live. Discover now