20

164 29 4
                                    

စောစောစီးစီး ကလေးအတွက်မနက်စာပြင်ပေးနေလိုက်သည်။ ဝမ်းနည်းနေတာတွေ စိတ်ဓာတ်ကျနေတာတွေခဏဘေးဖယ်ပြီး လုပ်စရာရှိတာလုပ်ရမည်။ Dany ဈာပနအတွက် လိုအပ်တာတွေလုပ်ရဦးမည်။ညကလုပ်ဖော်ကိုင်ဖက်များနှင့် အသိများကိုဖုန်းဆက်ထားပြီးပြီမို့ တော်သေးသည်။ထိုစဉ်ဖုန်းဝင်လာသည်မို့ ကိုင်လိုက်ရသည်။

"ဟဲလို"

"ဟဲလို တို့ပါ "

ဖုန်းနံပါတ်ကိုဘယ်လိုရသွားတာလဲတော့မသိပေမယ့် မနက်ခင်းကတော့ တော်တော်ကျက်သရေတုံးသွားပြီ။

"မနေ့က Sunghoon ပြန်ထွက်သွားတော့ တို့ပဲ တွေ့စရာရှိတဲ့ကလေးတွေ တွေ့လိုက်ပေမယ့် ကောင်မလေးနှစ်ယောက်က တော်တော်ကိုသံသယဖြစ်စရာကောင်းတယ်"

"ကျွန်တော် လာခဲ့ပါ့မယ် ကိုယ်ရေးကိုယ်တာကိစ္စလေးရှိတာမို့ ခွင့်ယူထားတာမို့ပါ"

"ဪ"

"ဒါဆို-"

ဖုန်းချလိုက်ပြီးနောက် အိပ်ပျော်နေဆဲ ကလေးနဖူးကိုခပ်ဖွဖွနမ်းပေးလိုက်သည်။

"ကလေးလေး ထတော့လေ ကိုယ်မနက်စာပြင်ပေးခဲ့တယ်"

"ဟင်"

"ကိုယ်မနက်စာပြင်ပေးခဲ့တယ် ဒီနေ့Mingyu hyung လာလိမ့်မယ် ကိုယ်သွားစရာလေးရှိလို့"

"စောစောပြန်လာနော် ချစ်တယ်"

"အင်း ကိုယ်လည်းပဲ"

ဈာပနခန်းမသို့ အနောက်တိုင်း ဝတ်စုံလဲပြီးထွက်လာခဲ့လိုက်သည်။ ထို့နောက် Dany Hyung ၏အသိများ လုပ်ဖော်ကိုင်ဖက်များလာရောက်ကြပြီး အချင်းချင်းဂါရဝပြုကြရသည်။ ထို့နောက် ကိစ္စဝိစ္စအကုန်ပြီးသည်နှင့် ဧည့်ခံရာနေရာတွင်ထိုင်ကာ ဆိုဂျူထိုင်သောက်‌နေမိသည်။

"ကျွန်တော်လုပ်နေတာတွေကမှန်ရောမှန်ကန်နေရဲ့လား ဖေ.. ကျွန်တော့်ကြောင့် Dany ထိခိုက်ခဲ့ရတာမို့ ကျွန်တော့်ကိုကျွန်တော်ခွင့်မလွှတ်နိုင်ဘူး"

ထို့နောက်ယိုင်နဲ့နေသည့် ခန္ဓာကိုယ်နှင့်သာ ထထွက်လာခဲ့လိုက်တော့သည်။ထို့နောက်တွင် မီရာချိန်းထားသောနေရာဆီသို့ထွက်လာလိုက်သည်။ စွန့်ပစ်ထားပုံရသည့် အဆောက်အအုံကြီးဖြစ်ပြီး ကောင်မလေးနှစ်ယောက်ကိုလည်း ချိန်းခြောက်ပြီးရိုက်နှက်ထားပုံပေါ်သည်။

ကိုကိုချစ်သော ကလေးငယ်(mine)Where stories live. Discover now