I Know Your Secret [U]

280 19 1
                                    

" အို ဆယ် ဟွန်း .. ဒါဘာတွေလဲ "

ကံဆိုးမိုးမှောင်ကျတာထက် ပိုဆိုးရွားသော အခြေအနေ
တွင် ဘယ်လိုမွ ရှောင်ထွက်၍မရနိုင်တော့အောင်
ခြေချုပ်မိသည်ဆိုလျှင် ထိုသို့ချောက်နက်ထဲသို့ ကန်ခ်
ပါသော သင်းအား ရိုက်သတ်ချင်ပါသည် ။

" ဘာလုပ်တာလဲ .. ဂင် ဂျုံ အင် !!! "

" မင်း က ဂေး လား ဆယ် ဟွန်း .. မိန်းကလေး
အဝတ်အစားတွေ အများကြီး ဘာလို့သော့ခတ်
သိမ်းထားတာလဲ "

အသေအချာကို လူမမိအောင်သိမ်းထားသည့်
အကြီးမားဆုံး လျှု့ိဝှက်ချက်ကြီးသည် အနှီးအကောင်
၏ရှာရှာဖွေဖွေ စပ်စုမှုကြောင့် ပုံပျက်ပန်းပျက် ပေါ်ပေါက်
လာသဖြင့် ဆယ် ဟွန်း ဆိုးဆိုးဝါးဝါးကို ရူးချင်နေပါ
သည် ။

" မင်း ငါ့ အခန်းထဲက ထွက်သြား "

ဂင် ဂျုံ အင် လိုလူမျိုးက သူလိုရာဆြဲတွေးပြီး ရှင်းပြလည်း
နားမဝင်သူမို့ ဘာအကြောင်းပြချက်မွမပေးဘဲ
အခန်းထဲက မောင်းထုတ်ရန်ကာ အတွေးရှိသည် ။

" အို ဆယ် ဟွန်း .. မင်းသိလား ဒီလိုလျှို ဝှက်ချက်မျိုးက
ပေါက်ကြားသွားရင် ဘယ်လိုဖြစ်မလဲဆိုတာ "

လူတစ်ယောက်ရဲ့အတွင်းရေးကို အခွင့်ကောင်းယူပြီး
မိသားစုဝင်အချင်းချင်းဆိုသည့် လူမှုရေးကိုတောင်
မထောက် ဂင် ဂျုံ အင် ၏ စောက်ကျင့်တစ်စက်ကလေးမှ
မကောင်းသည့်စိတ်ဓာတ်က ဆယ် ဟွန်း ကို
အနိုင်ယူရန် လမ်းကြောင်းရှာလာချေပြီ ။

" မင်း ဘာဖြစ်ချင်နေတာလဲ "

" ဒီအကျႌတွေလောက်နဲ့တော့ အို ဆယ် ဟွန်း ကို
ခြိမ်းခြောက်စရာလား ။ ဒီထက် တိကျတဲ့သက်သေလေး
ရှိဆိုတစ် မုျိ း ပေါ့ ။ ငါက အကောင်းပြောပြတာနော် "

ဒေါသအလျောက်သာ စိတ်လွှတ်လိုက်ရလျှင် ဤနေရာတွင်
အို ဆယ် ဟွန်း နှင့် ဂင် ဂျုံ အင် တို့၏ သတ်ပွဲဖြစ်သြား
လိမ့်မည် ။

အရင်ကဆို မုန်းသည့်စိတ်မျိုးမရှိရင်တောင် အချင်းချင်း
မျက်နှာချင်းဆိုင်မိလျှင် တစ်ဦးမဟုတ်တစ်ဦးက
ရှောင်ထွက်သွားရုံသာ ။ အခုတော့လား ဆယ် ဟွန်း ၏
ကို်ယ်ရေးကိုယ်တာ ကိစ္စမျိုးကို မရမကလိုက်ဖော်ပြီး
ခြိမ်းခြောက်နေသည့်အတွက်ကြောင့် မုန်းတီးစိတ်
အပြည့် ။

ကို​ ​ေလး .. [ Complete ] Where stories live. Discover now