Lonely Christmas .. [U]

95 11 0
                                    

* Merry Christmas .. ကိုလေး *

SHIT !!!!

ထိုမက်ဆေ့တစ်ကြောင်းကိုမြင်ပြီးသည်နှင့် လက်ထဲက
ဖုန်းမွာ ခဏတွင်းချင်း ကြမ်းပြင်ပေါ် တစ်စစီဖြစ်လို့ ။

အို ဆယ် ဟွန်း ဆိုတဲ့ စောက်ကျင့်တစ်စက်ကလေးမှ
မကောင်းတဲ့အကောင်သည် အဆက်အသွယ်မဖျက်ပါဘူး
ဟု ပြောသွားပြီး မက်ဆေ့တစ်ကြောင်းနှင့် တစ်လလောက်
ပေျာက်သွားတက်သတဲ့ ။

ဖုန်းနံပါတ်အစိမ်းနှင့်သာ ဆက်သွယ်တက်ပြီး ဂျုံ အင်
ဘက်က ပြန်ခေါ်လျှင် တပ်ဆင်ထားခြင်းမရှိတဲ့ ဖုန်းနံပါတ်
မျိုး စက်ပိတ်ထားပါသည်မျိုး ကြုံနေရသဖြင့် အတိအက်
ဆယ် ဟွန်း ဖုန်းနံပါတ်ကလေးတောင်မရ ။

ခြောက်လကျော်ကျော် မျက်နှာလေးမမြင်ရသောကြောင့်
ဂျုံ အင့် ၏ အလွမ်းထုထည်သည် တိုင်းတာ၍မရအောင်
ကြီးထွားနေချေပြီ ။

ခရစ်စမတ်တွင် တစ်ယောက်တည်း ဖြစ်နေ၍ ပိုလို့ပင်
အလွမ်းရစ်သင့်နေ၏ ။

မက်ဆေ့မြင်လျှင် အသံလေးကြားချင်သည် ။
အသံကြားလျှင် မျက်နှာလေးတွေ့ချင်သည် ။
လူကိုတွေ့ပြီးလျှင် အတူရှိနိုင်ဖို့ ယုတ်မာချင်သည် ။
ငြင်းဆန်လျှင် ဆေးခပ်ပြီး မရ,ရအောင်ယူမည် ။
ဒါမှမဟုတ် ကြိုးတုတ်ပြီး Rape လုပ်ပစ်မည် ။
ထွက်မပြေးနိုင်အောင် ဖမ်းထားမည် ။

အတွေးညစ်ညစ် အကြံယုတ်ယုတ်ဖြင့် အို ဆယ် ဟွန်း ကို
ဘယ်လိုရအောင် ယူရမလဲဟူသော အစီအစဉ်ပေါင်း
မ်ားစြာ ဂျုံ အင့်ခေါင်းထဲ ပေါ်နေသည် ။

ဒယ် ဒီ့ ဆီ သြားမေးလျှင် ခြေရာလက်ရာလောက်တော့
သိနိုင်ပေမဲ့ အနှီးသကောင့်သားလေးက ဂျုံ အင့် ကို
တွေ့ခွင့်ပေးမည်မဟုတ် ။

အကွက်ကျကျစီစဉ်ပြီး ဒီလူကို ကျောခိုင်းသြားတဲ့
အို ဆယ် ဟွန်း လေး ။

မုန်းလိုက်တာဆိုပြီး အချစ်တိုးနေတာကလည်း
ဂင် ဂျုံ အင် ပါဘဲ ။

တွေးရင်းတွေးရင်း လွမ်းသထက်လွမ်းလာသဖြင့်
ကားသော့ဆွဲ အပေါ်ဝတ်ဆြဲ ပြီး ခြေဦးတည်မိသည်က
နှစ်ယောက်အတူ တက်တူးထိုးခဲ့သည့်ဆိုင်သို့ ။

ခရစ်စမတ်နေ့ရောက်တိုင်း အနိုင်ကျင့် ဗိုလ်ကျပြီး
ဆယ် ဟွန်း ကို မိန်းကလေးလို ဝတ်ခိုင်း၍ တစ်ညလုံး
လျှောက်လည်ခဲ့သည့် အမှတ်တရအချို့ကို သတိရတော့
လူသူကြားထဲ အသားယူ နမ်းမိလို့ တစ်ပတ်လောက်
ချော့ခဲ့ရသည့် အတိတ်ကလည်း အခုထက်ထိ လတ်ဆတ်
နေတုန်း ။

" ရောက်လာပြန်ပြီလား "

" က်တော့် ကို ခါတိုင်းလိုဘဲ "

တစ်လကို သုံးလေးခေါက်မက ရောက်လာတက်သည့်
ဖောက်သည်ကို ဆိုင်ရှင်အကိုက မှတ်မိနေသည်မှာလည်း
မဆန်းတော့ ။

ဆယ် ဟွန်း ကို တွေ့ချင်လွန်းလို့ ရူးမတက်ဖြစ်တိုင်း
အလွမ်းဖြေရာသည် ခန္ဓာကိုယ်အနှံ သူ့နာမည်
တက်တူးထိုးခြင်းသာ ။

အပေါ်ပိုင်းအဝတ်အကုန်ချွတ်ပြီး တက်တူးအထိုးခံရန်
အသင့်ပြင်မိတော့ မျက်နှာချင်းဆိုင်က ကိုယ်လုံးပေါ်မှန်
တွင် ထင်ဟပ်နေသည့် ကိုယ့်ပုံရိပ် ။

" ဒီတစ်ခေါက်ရော ဘယ်နေရာ ထိုးမလဲ "

" မသိဘူး အကိုထိုးချင်တဲ့နေရာသာ ထိုးပေး "

ပြောပြီးပြီးချင်း တစ်ယောက်အိပ်ကုတင်ပေါ်
မှောက်အိပ်လိုက်သည်နှင့် ကျောပြင်ပေါ် ခံစားလိုက်ရ
သည့် အပ်အထိအတွေ့ ။

" ငါ့ညီကြောင့် ဒီနာမည်ကိုတောင် အကိုလည်း
အတော်ရင်းနှီးမိနေပြီ "

" ရိုက်သတ်ချင်စရာကောင်းတဲ့အကောင်ပါဗ်ာ ။
အကိုမမှတ်မိတော့လို့သာ "

" ညီ့ပုံစံက သူ့ကို အတော်ချစ်ပုံဘဲ "

" အကို့လို ဘေးလူတောင် သိတယ် ။ အဲ့အကောင်ဘဲ
မသိတာဗ် "

" သူ သိလောက်မွာပါ "

" သိရင် .. သူ က်တော့်ကို ထားခဲ့ပါ့မလား "

အလိုလို ဒေါသထွက်လာသော ဂျုံ အင့်လေသံမာမာ
ကြောင့် တစ်ဖက်လူတောင် မည်သည့်စကားပြန်မွမလာ
တော့ဘဲ လုပ်လက်စအလုပ်ကိုသာ ဆက်လုပ်နေသည် ။

" ပြီးပြီ ။ ကောင်လေး "

အဝတ်အစားပြန်ဝတ်ပြီး ပိုက်ဆံရှင်း၍ ဆိုင်ထဲက
ထွက်လာချိန် စိမ့်တက်လာသောအချမ်းဓာတ်က
ရင်အပူကိုပါ ငြိမ်းစေချင်ပါရဲ့ ။

လွမ်းလိုက်ရတာ အို ဆယ် ဟွန်း ရေ ။

.
.
.

တိုတယ်မဟုတ်လား တမင်ကိုတိုတိုလေးဒိတ်တာ 😂
KJI ဆွေးတာဒီလောက်ဘဲပေါ့ ဒါနဲ့
OSH နဲ့ဘယ်အပိုင်းလောက်မွာတွေ့ပေးရင်ကောင်းမလဲ
စဉ်းစားနေတာ 😂

ကို​ ​ေလး .. [ Complete ] Where stories live. Discover now