Only One For Me .. [U]

107 13 0
                                    

" တက်တူးထိုးရအောင် .. "

နှုတ်ခမ်းစွန်းမွ သွေးစစကို လက်မဖြင့်ဖိသုတ်နေတုန်း
အစမရှိအဆုံးမရှိ ထွက်လာသည့်စကားသံနောက်
အကြည့်ရွှေ့မိတော့ မှန်အကြည်ပေါ်တွင် မသေမသပ်
လက်ရေးရွဲ့ရွဲ့များဖြင့် တက်တူးဆိုင်မှန်းသိအောင်
ပြထားသော ကုတ်ချောင်းချောင်းဆိုင်သေးသေးလေးကို
တွေ့လိုက်ရသည် ။

" ကိုလေးရာ .. မင်းအကျင့်ကလည်း ခုတမျိုး
တော်ကြာတမျိုး "

မနေ့တစ်နေ့ကမှ တက်တူးအပြည့်နှင့်လူတစ်ယောက်ကို
ရွံ့လိုက်တာဟု ဝေဖန်ခဲ့သူမဟုတ်သည့်အတိုင်း
အခုတော့ သူ့ပါးစပ်က ကိုယ်တိုင်ထွက်လာသော
တက်တူးထိုးရအောင် ဟူသည့်စကားက ဘယ်လိုမွ
ယုံချင်စရာမရှိ ။

" တစ်ခုခုအသားနာအောင်လုပ်ချင်လို့ကွာ .. "

" တက်တူးထိုးမဲ့အစား ငါ မင်း ဘော ကို ဆောင့်ကန်
ပေးမယ်လေ ။ အဲ့ဒါလည်း အသားနာတာဘဲ
မဟုတ်လား "

"  နည်းနည်းပါးပါး ငြင်သာစမ်းပါ အို ဆယ် ဟွန်း ရာ "

အရင်လို ပြန်စကားနာမထိုးလဲ လူလိမ္မာလေသံနှင့်
ဆယ် ဟွန်း ကို ဖြောင်းဖြလာသည့်အခါ ပိုလို့ပင်
အမြင်ကပ်စိတ်က အမှန်တကယ် ဘဝပျက်သြားအောင်
အကျင့်ယုတ်ချင်လာသည် ။

" ခုဏက အကန်ခံထားရတာ မမှတ်သေးဘူးပေါ့ "

ခြေထောက်တစ်ဖက်ကိုမြှောက်ရင်း လျပ်တပြတ်
ကန်မည်ဟန်ပြုလိုက်တော့ ချက်ချင်းပင် ခုန်ရှောင်ထွက်
သြားပြီး တက်တူးဆိုင်ထဲ ဝင်ပြေးတော့သည် ။

လောင်းကြေးနှင့် ရန်ဖြစ်လာသည့် ထိခိုက်မှုအနည်း
အကျဉ်းကြောင့် စပ်ဖျင်းဖျင်းနှုတ်ခမ်းအစပ်က သကောင့်
သားပုံစံကိုမြင်လို့ရယ်မိကာမွ ပိုနာလာသယောင်ရှိသည်မို့
မဆီမဆိုင် ကျိန်ဆဲလိုက်သေး၏ ။

" Ooh Sehun ကို အင်္ဂလိပ်လို ထိုးမယ်
က်တော်ရဲ့ ညာဘက်လည်ပင်းဇောင်းမွာ "

တက်တူးဆိုင်ထဲလိုက်ဝင်သွားပြီး စကြားလိုက်ရသည့်
အသံကြောင့် ဆယ် ဟွန်း ခြေလှမ်းတွေရပ်ကုန်သည် ။

ဘာကိစ္စ သင်းက ဆယ် ဟွန်း နာမည်ကို တက်တူး
ထိုးမည်တုန်း ။

ကို​ ​ေလး .. [ Complete ] Where stories live. Discover now