Are U FUCKING Stupid !!??

5.1K 534 14
                                    

ကိုကို မ​ခေါ်ချင်​၍ ကို​လေး ဟု ​ပြောင်း​ခေါ်ခြင်းကို
ထိုသ​ကောင့်​သားကမ​ကျေနပ်​​သော်​လည်း မာမီ က​တော့
ညီအကိုနှစ်​​ယောက်​အဆင်​​ပြေ​နေသည်​ဟူ၍ ​ကျေနပ်ပီတိ
ဖြစ်​​နေ​လေရဲ့ ။

" ဂျုံ အင်​ .. အာ .. ကို​လေး "

မထိတထိအ​ခေါ်အ​ဝေါ်က လျှာ​ပေါ်မစွဲသည်​မို့
မနည်းကို ရင်းနှီး​အောင်​လုပ်​​နေရသည့်​အချိန်​အတွင်း
ဂင်​ ဂျုံ အင်​ ဆိုသူက​တော့ ဆယ်​ ဟွန်း ကို ခိုင်းဖက်​လို
နိုင်​စား​နေ​တော့သည်​ ။

" ဆယ်​ ဟွန်း .. ဒီနားလာခဲ့ "

ကျောင်းမသွားခင်​ မိသားစုစုံ မနက်​စာစား​နေသည့်
အချိန်​တွင်​​တောင်​ ဟန်​မ​ဆောင်​နိုင်​ဘဲ ​ဆယ်​ ဟွန်း ကို လက်​ယက်​​ခေါ်သည်​မို့ သက်​ပြင်းချ ၍ ထမင်းဝိုင်းက ထ
ဧည့်​ခန်းတွင်​ ​ကော်​ဖီ​သောက်​​နေ​သော ဂျုံ အင်​ ဆီ
လျှောက်​သွားလိုက်​၏ ။

" မင်း ဘာ​ပြောမလို့လဲ "

" ဆယ်​ ဟွန်း .. မင်း ဒီ​နေ့ မိန်းက​လေးလို ဝတ်​မှာ
မဟုတ်​လား ငါ့ကိုတစ်​ခုကူညီ "

" ဘာလဲ ဘာ . မဟုတ်​တာ​ခိုင်းမလို့လဲ "

ကိုယ့်​ကိုယ်​​ရေးကိုယ်​တာ​ကြောင့်​ ထိုပုံစံမျိုး ဝတ်​သည်​ကို
ရင်းနှီး​သောလူတစ်​​ယောက်​​ရှေ့ လူလုံးထွက်​ပြရမည်
ဆိုတာက​တော့ ဆယ်​ ဟွန်း အတွက်​ လက်​မခံနိုင်​သည့်
ကိစ္စပင်​ ။

" မင်းကို ထိခိုက်​​အောင်​မလုပ်​ဘူး ။ ​​နေ့လည်​ပိုင်း
အတန်းလစ်​ပြီး မင်းအတွက်​ အဝတ်​အစားဝယ်​​ပေးမယ်​ "

" အင်း "

သူ့အလိုကျ​ခေါင်းငြိမ့်​ပေးရမည်​မှာ ဆယ်​ ဟွန်း နှင့်
ဂျုံ အင်​ ကြားက သ​ဘောတူညီချက်​ ။

ဆယ်​ ဟွန်း အ​ဖြေကိုရပြီးသည်​နှင့်​ ​ကော်​ဖီခွက်​ပြန်​ကိုင်
ကာ ဖုန်းကလိရန်​ အာရုံ​ရောက်​သွားသဖြင့်​ အလိုက်​တသိ
ဂျုံ အင့်​ အနားက ထွက်​လာ​ပေးပြီး ထမင်းဝိုင်းတွင်
ပြန်​ထိုင်​လိုက်​သည်​ ။

ကို​ ​လေး .. [ Complete ] Where stories live. Discover now