" မအိပ်သေးဘူး ဆယ် ဟွန်း "
ဂျုံ အင် ခြေလက်ဆေးပြီး ရေချိုးခန်းထဲမှ ပြန်ထွက်လာ
သည်အထိ စာရေးစားပွဲပေါ် လက်တော့တစ်လုံးနှင့်
အလုပ်ရှုပ်နေသည့် ဆယ် ဟွန်း ။ဆယ် ဟွန်း ဆီ ရောက်သည့်အချိန်ကပင် အတော်လေး
နောက်ကျနေပြီကို အနှီးသကောင့်သားက အခုထက်ထိ
စာအလုပ်မပြတ် ။" အိပ်နှင့် .. ငါ လုပ်စရာရှိသေးလို့ "
အတော်လေးပင်ပန်းနေပေမဲ့ ဂျုံ အင် မျက်လုံးပိတ်၍မရ ။
တစ်နှစ်ကျော်လောက် ကြီးထွားခဲ့သည့် အလွမ်းထုထည်က
အခုလို တစ်ခန်းတည်း အတူရှိနေပြီး မျက်နှာလေး
မြင်နေရသည်ဆိုတော့ ဤအချိန်ခဏလေးအတွင်းကို
လက်လွှတ်စပယ် မကုန်ဆုံးစေချင် ။အို ဆယ် ဟွန်း ဆီကလုံးလုံးလျားလျား လျစ်လျူ ရှုခြင်း
ခံနေရသော်ငြား ဂျုံ အင့် အတွက် အထွေအထူးခံစား
ပြီး စိတ်ဆိုးစရာတော့မရှိ ။" မင်း ငါ့ ကို လွမ်းလား ဆယ် ဟွန်း ..
ငါကတော့ မင်းကို သေအောင် လွမ်းတယ် ။
မြင်နေရတာတောင် လွမ်းနေတုန်းဘဲကွာ "အစကတော့ ကုတင်ပေါ် တစောင်းအိပ်၍
ဆယ် ဟွန်း ၏ ပါးပြင်တစ်ခြမ်းအား တစ်စိမ့်စိမ့်ငေးကြည့်
နေရင်းမှ အားမလိုအားမရဖြစ်လာသဖြင့် ချက်ချင်းထပြီး
ဆယ် ဟွန်း အနားဆီလျှောက်သွားကာ ခါးအနည်းငယ်
ချိုး၍ ဆယ် ဟွန်း ပခုံးပေါ် ခေါင်း မှီချလိုက်သည် ။