I Know Your Secret ..

9.6K 631 14
                                    

" အို ဆယ်​ ဟွန်း .. ဒါဘာ​တွေလဲ "

ကံဆိုးမိုး​မှောင်​ကျတာထက်​ ပိုဆိုးရွား​သော အ​ခြေအ​နေ
တွင်​ ဘယ်​လိုမှ ​ရှောင်​ထွက်​၍မရနိုင်​​တော့​အောင်
ခြေချုပ်​မိသည်​ဆိုလျှင်​ ထိုသို့​ချောက်​နက်​ထဲသို့ ကန်​ချ
ပါ​သော သင်းအား ရိုက်​သတ်​ချင်​ပါသည်​ ။

" ဘာလုပ်​တာလဲ .. ဂင်​ ဂျုံ အင်​ !!! "

" မင်း က ​ဂေး လား ဆယ်​ ဟွန်း .. မိန်းက​လေး
အဝတ်​အစား​တွေ အများကြီး ဘာလို့​သော့ခတ်
သိမ်းထားတာလဲ "

အ​သေအချာကို လူမမိ​အောင်​သိမ်းထားသည့်
အကြီးမားဆုံး လျှို့ဝှက်​ချက်​ကြီးသည်​ အနှီးအ​ကောင်
၏​ရှာရှာ​ဖွေ​ဖွေ စပ်​စုမှု​ကြောင့်​ ပုံပျက်​ပန်းပျက်​ ​ပေါ်​ပေါက်
လာသဖြင့်​ ဆယ်​ ဟွန်း ဆိုးဆိုးဝါးဝါးကို ရူးချင်​​နေပါ
သည်​ ။

" ​မင်း ငါ့ အခန်းထဲက ထွက်​သွား "

ဂင်​ ဂျုံ အင်​ လိုလူမျိုးက သူလိုရာဆွဲ​တွေးပြီး ရှင်းပြလည်း
နားမဝင်​သူမို့ ဘာအ​ကြောင်းပြချက်​မှမ​ပေးဘဲ
အခန်းထဲက ​မောင်းထုတ်ရန်​ကာ အ​တွေးရှိသည်​ ။

" အို ဆယ်​ ဟွန်း .. မင်းသိလား ဒီလိုလျှို ဝှက်​ချက်​မျိုးက
ပေါက်​ကြားသွားရင်​ ဘယ်​လိုဖြစ်​မလဲဆိုတာ "

လူတစ်​​ယောက်​ရဲ့အတွင်း​ရေးကို အခွင့်​​ကောင်းယူပြီး
မိသားစုဝင်​အချင်းချင်းဆိုသည့်​ လူမှု​ရေးကို​တောင်
မ​ထောက်​ ​ဂင်​ ဂျုံ အင်​ ၏ ​စောက်​ကျင့်​တစ်​စက်​က​လေးမှ
မ​ကောင်းသည့်​စိတ်ဓာတ်​​က ဆယ်​ ဟွန်း ကို
အနိုင်​ယူရန်​ လမ်း​ကြောင်းရှာလာ​ချေပြီ ။

" မင်း ဘာဖြစ်​ချင်​​နေတာလဲ "

" ဒီအကျင်္ီ​တွေ​လောက်​နဲ့​တော့ အို ဆယ်​ ဟွန်း ကို
ခြိမ်း​ခြောက်​စရာလား ။ ဒီထက်​ တိကျတဲ့သက်​​သေ​လေး
ရှိဆိုတစ် ​မျိုး ​ပေါ့ ။ ငါက အ​ကောင်း​ပြောပြတာ​နော်​ "

ဒေါသအ​လျောက်​သာ စိတ်​လွှတ်​လိုက်​ရလျှင်​ ဤ​နေရာတွင်
အို ဆယ်​ ဟွန်း နှင့်​ ဂင်​ ဂျုံ အင်​ တို့၏ သတ်​ပွဲဖြစ်​သွား
လိမ့်​မည်​ ။

ကို​ ​လေး .. [ Complete ] Where stories live. Discover now