Only One For Me ..

3.6K 458 21
                                    

" တက်​တူးထိုးရ​အောင်​ .. "

နှုတ်​ခမ်းစွန်းမှ ​သွေးစစကို လက်​မဖြင့်​ဖိသုတ်​​နေတုန်း
အစမရှိအဆုံးမရှိ ထွက်​လာသည့်​စကားသံ​နောက်
အကြည့်​​ရွှေ့မိ​တော့ မှန်​အကြည်​​ပေါ်တွင်​ မ​သေမသပ်
လက်​​ရေးရွဲ့ရွဲ့များဖြင့်​ တက်​တူးဆိုင်​မှန်းသိ​အောင်
ပြထား​သော ကုတ်​​ချောင်း​ချောင်းဆိုင်​​သေး​သေး​လေးကို
တွေ့လိုက်​ရသည်​ ။

" ကို​လေးရာ .. မင်းအကျင့်​ကလည်း ခုတမျိုး
တော်​ကြာတမျိုး "

မ​နေ့တစ်​​နေ့ကမှ တက်​တူးအပြည့်​နှင့်​လူတစ်​​ယောက်​ကို
ရွံ့လိုက်​တာဟု ​ဝေဖန်​ခဲ့သူမဟုတ်​သည့်​အတိုင်း
အခု​တော့ သူ့ပါးစပ်​က ကိုယ်​တိုင်​ထွက်​လာ​သော
တက်​တူးထိုးရ​အောင်​ ဟူ​သည့်​စကားက ဘယ်​လိုမှ
ယုံချင်​စရာမရှိ ။

" တစ်​ခုခုအသားနာ​အောင်​လုပ်​ချင်​လို့ကွာ .. "

" တက်​တူးထိုးမဲ့အစား ငါ မင်း ​ဘော ကို ​ဆောင့်​ကန်
ပေးမယ်​​လေ ။ အဲ့ဒါလည်း အသားနာတာဘဲ
မဟုတ်​လား "

" ​ နည်းနည်းပါးပါး ငြင်​သာစမ်းပါ အို ဆယ်​ ဟွန်း ရာ "

အရင်​လို ပြန်​စကားနာမထိုးလဲ လူလိမ္မာ​လေသံနှင့်
ဆယ်​ ဟွန်း ကို ​ဖြောင်းဖြလာသည့်​အခါ ပိုလို့ပင်
အမြင်​ကပ်​စိတ်​က အမှန်​တကယ်​ ဘဝပျက်​သွား​အောင်
အကျင့်​ယုတ်​ချင်​လာသည်​ ။

" ခုဏက အကန်​ခံထားရတာ မမှတ်​​သေးဘူး​ပေါ့ "

ခြေ​ထောက်​တစ်​ဖက်​ကို​မြှောက်​ရင်း လျပ်​တပြတ်
ကန်မည်​ဟန်​ပြုလိုက်​​တော့ ချက်​ချင်းပင်​ ခုန်​​ရှောင်​ထွက်
သွား​ပြီး တက်​တူးဆိုင်​ထဲ ဝင်​​ပြေး​တော့သည်​ ။

လောင်း​ကြေးနှင့်​ ရန်​ဖြစ်​လာသည့်​ ထိခိုက်​မှုအနည်း
အကျဉ်း​ကြောင့်​ စပ်​ဖျင်းဖျင်းနှုတ်​ခမ်းအစပ်​က သ​ကောင့်
သားပုံစံကိုမြင်​လို့ရယ်​မိကာမှ ပိုနာလာသ​ယောင်​ရှိသည်​မို့
မဆီမဆိုင်​ ကျိန်​ဆဲလိုက်​​သေး၏ ။

" Ooh Sehun ကို အင်္ဂလိပ်​လို ထိုးမယ်
ကျ​တော်​ရဲ့ ညာဘက်​လည်​ပင်း​ဇောင်းမှာ "

ကို​ ​လေး .. [ Complete ] Where stories live. Discover now