Love in NightDream ..

4.4K 333 47
                                    

" ဆယ်​ ဟွန်း .. "

ပခုံး​တစ်​ဖက်​​ပေါ် ပိကျလာသည့်​ ​ဂျုံ အင့်​ ဦး​ခေါင်း​ကြောင့်
မှီဖို့အဆင်​​ပြေ​စေရန်​ ခန္ဓာကိုယ်​ကို အနည်းငယ်​ပြင်​ပြီး
မျက်​နှာတစ်​ခြမ်းလှည့်​ကာ လည်​ပင်းနှင့်​ ပါးပြင်​တစ်​ဖက်​ကို
ကလူ​နေသည့်​ ဆံသားများကြား နှာ​ခေါင်းနှစ်​လိုက်​သည်​ ။

" ဆယ်​ ဟွန်း .. "

" အင်း ​ပြော​လေ .. "

" ငါ့ကို ချစ်​လား "

" အင်း ချစ်​တယ်​ "

ပြန်​လည်​တိတ်​ဆိတ်​သွားသည့်​နှစ်​​ယောက်​ကြားတွင်
ထို့ထက်​ပိုပြီး စိတ်​ပြင်းပြမလာခဲ့ ။

အတူမရှိခဲ့ရသည့်​အချိန်​ကာလတစ်​ခု၏ အလွမ်းသည်
အခုလို တစ်​​ယောက်​အနားတစ်​​ယောက်​ရှိရုံနှင့်​တင်
ချစ်​​ကြောင်း​တွေ ဋီကာချီ၍ ဖွင့်​ဟ​နေစရာလို​တော့မည်
မထင်​ ။

နောက်​​နေ့အထိ​နေရန်​စိတ်​ကူးမရှိကြ​ပေမဲ့ တစ်​ညလုံးနီးပါး
ဂျုံ အင်​ ကား​မောင်းရမည်​ကို မကြည့်​ရက်​သည့်​ ဆယ်​ ဟွန်း
ကြောင့်​​ရော ဆယ် ဟွန်း ၏ ​​မျက်​နှာနွမ်းနွမ်းနှင့်
စိတ်​ပင်​ပန်း​နေပုံကို ပြန်​ပြီးမကြည့်​ရက်​ဖြစ်​​နေသည့်
ဂျုံ အင်​ ​ကြောင့်​ရော တစ်​ဦးအ​ပေါ်တစ်​ဦး ငဲ့ညှာကာ
ကမ်း​ခြေဟိုတယ်​တွင်​သာ အခန်းငှါးပြီး တညတာကို
အတူကုန်​ဆုံးဖြစ်​ကြသည်​ ။

ရေမိုးချိုး ညလယ်​စာစား​ပြီးသည်​အထိ
စကားမ​ပြောဖြစ်​ကြဘဲ ကုတင်​တစ်​ခု၌ နှစ်​​ယောက်​တွဲ
အိပ်​ရ​တော့မည်​ဆိုကာမှ တစ်​​ယောက်​ပခုံးတစ်​​ယောက်​မှီ
ကာ တစ်​နှစ်​တာအလွမ်းများအား စုပြုံ ပြီး အတိုးချ
ခံစားကြ၏ ။

" ကို ​လေး .. "

" ချစ်​တယ်​ ဆယ်​ ဟွန်း ..
ငါ့ဘဝမှာ မင်း က ငါချစ်​တဲ့ တစ်​ဦးတည်း​သော
ယောကျာ်းဘဲ "

ပခုံး​ပေါ်မှီထားရာမှ ထသွားပြီး ဆယ်​ ဟွန်း ​ခြေရင်းတွင်
ထိုင်​ကာ ချစ်​မဝသလို အချစ်​​တွေမကုန်​ဆုံး​တော့သလို
ဂျုံ အင့် ​မျက်​ဝန်းအကြည့်​များ​ကြောင့်​ ဆယ်​ ဟွန်း မှာ
ကြည်​နူးစိတ်​များနှင့်​ မျက်​ရည်​ပင်​ဝဲတက်​လာသည်​ ။

ကို​ ​လေး .. [ Complete ] Where stories live. Discover now