Finally I Found U ..

3.3K 476 22
                                    

တစ်​နှစ်​ ..
ကုန်​သွားတဲ့အချိန်​​တွေအား မနှ​မြောမိသလို
နောက်​ထပ်​​သောနှစ်​,နှစ်​တာကိုလည်း အမြန်​ဆုံး
ပြီးသွား​စေချင်​သည်​ ။

ဂျုံ အင်​ .. ဆယ်​ ဟွန်း အား လွမ်းလှပါပြီ ။

" ဒယ်​ ဒီ .. ဆယ်​ ဟွန်း ဘယ်​မှာရှိလဲ "

မ​မေးဘူးဟု ဆုံးဖြတ်​ထား​ပေမဲ့ ​နောက်​ဆုံး
မ​နေနိုင်​သူ ဂျုံ အင်​ ကဘဲ ဒယ်​ ဒီ့ ထံ အသနားခံရတာပါဘဲ

" တစ်​ခုလိုချင်​ရင်​ တစ်​ခု​ပေးရမှာ​ပေါ့ .. ဒယ်​ ဒီ့ ခိုင်းတာ
နာခံရင်​ ဆယ်​ဟွန်းနီး ရဲ့လိပ်​စာ​ပေးမယ်​ "

" ရတယ်​ ။ ကျ​တော်​လက်​ခံတယ်​ "

" မနက်​ဖြန်​အချိန်​အား​အောင်​လုပ်​ပြီး အိမ်​​ထောင်​ဖက်
သွား​တွေ့ချည်​ "

" ဒယ်​ ဒီ .. ကတိတည်​ပါ​စေ "

ထင်​ထားသည့်​အတိုင်း အ​ပေးအယူပါမှ စကား​ပြောချင်
သည့်​ဒယ်​ဒီ့စိတ်​တိုင်းကျ အိမ်​​ထောင်​ဖက်​​တွေ့ပြီးမှ
ဆယ်​ဟွန်း လိပ်​စာရမည်​ ။

အိမ်​​ထောင်​ဖက်​​တွေ့ရမည့်​ကိစ္စ​လောက်​က ​ခေါင်းထဲ
ထည့်​စရာမလိုသဖြင့်​ ထို​နောက်​က ဆယ်​ ဟွန်း နှင့်
ရင်​ဆိုင်​ရမည့်​အ​ရေးကို ကြို​တွေးပြီး ရင်​တုန်​စိတ်​လှုပ်​ရှား
နေ​ချေပြီ ။

အရမ်းလွမ်း​နေ​ကြောင်း စ​ပြောရမလား ။
ဒါမှမဟုတ်​ မလွှတ်​တမ်း ဖက်​ထားရမလား ။
ချစ်​​ကြောင်း နားပူမတက်​ ညည်းပြရမလား ။
နောက်​ထပ်​နှစ်​,နှစ်​ကို စိတ်​မရှည်​​တော့​ကြောင်း
ခြိမ်း​ခြောက်​ရမလား ။
လက်​ထက်​ကြရ​အောင်​လို့ ပရိုပို့လုပ်​ရမလား ။
တွေ့​တွေ့ချင်းဘဲ ကုတင်​​ပေါ်ဆွဲသွင်းရမလား ။

အ​တွေး​ဗလပွ စဉ်းစားစရာ ခပ်​များများနှင့်
ညတာရှည်​ခဲ့သည်​ ။

ဂင်​ ဂျုံ အင်​ သည်​ အို ဆယ်​ ဟွန်း အား မည်​မျှ​တောင်
ချစ်​ခဲ့လို့ နှစ်​​တွေကြာသွား​သော်​လည်း အချစ်​မ​လျှော့ဘဲ
တိုးသထက်​တိုးလာရသည်​မသိ ။

.
.
.

" ဂင်​ ဂျုံ အင်​ ရှိ .. "

အသံသာသာနှင့်​အတူ ​ရှေ့ခုံတွင်​ ဝင်​ထိုင်​​သော
သိမ်​သိမ်​​မွေ့​မွေ့ မိန်းမပျို .. ။

ကို​ ​လေး .. [ Complete ] Where stories live. Discover now