Past ..

2.8K 387 30
                                    

" က​လေး ကို မိဘမဲ့​ဂေဟာပို့လိုက်​ .. "

အိမ်​​ပေါ်​ခြေချချချင်း ကြား​နေကြစကားများဖြစ်​​သော
မိမိအားမ​​ကျွေး​မွေးရ​ရေးအတွက်​ ​ဆွေး​နွေးခန်းသည်
ယ​နေ့တွင်​လည်း မပြီးပြတ်​​သေး .. ။

" ကျ​တော်​ ပြန်​​ရောက်​ပြီ .. "

" မင်း အ​ဖေက​တော့ ကိုယ်​လွတ်​ရုန်းသွား​လေရဲ့ "

အ​မေသည်​ ကိုယ့်​အား​မုန်း​နေသည်​ဟု​တွေးမိလျှင်
အ​မေ့အား ဂရုမစိုက်​​သော အ​ဖေ့ကို သူ မုန်း၏ ။

" ကျ​တော်​ အ​ဖေ့ကို လိုက်​ရှာ​ပေးပါ့မယ်​ "

" လိုက်​ရှာ​ပေးမယ်​ .. ဟုတ်​လား
မင်းအ​ဖေရဲ့ ​လောင်းကစားအ​ကြွေး​ဘယ်​​လောက်​ကျန်​ခဲ့
တယ်​ နင်​ သိလို့လား "

တစ်ဆယ့်​သုံးနှစ်​သာသာအရွယ်​ဖြစ်​​သော်​ငြား
အမြဲတ​စေမိဘနှစ်​ပါး၏ ​အချင်းများခြင်းကို ဖန်​တစ်​ရာထပ်
နားယဉ်​​နေ​သဖြင့်​ ​ပေတိ​ပေကန်​ ပြန်​မ​ပြော
နားမ​ထောင်​ပုံစံက အ​မေ့အား ပို​စိတ်​တို​စေသည်​ထင်​ ။

လောင်းကစား​ကြွေးများကိုသာ အ​မွေထားခဲ့ပြီး
အစအန​ဖျောက်​သွားသည့်​​ယောကျာ်းဖြစ်​သူအ​ပေါ်
ပြသာနာရှာမရ​လေ​တော့ သားဖြစ်​​သော မိမိကိုသာ
ဒေါသပုံချ၏ ။

" အ​မေ .. ကျ​တော်​ .. "

" တိတ်​စမ်း .. မနက်​ဖြန်​ နင့်​ကို မိဘမဲ့​ကျောင်းပို့မယ်
ငါ ​နောက်​အိမ်​​ထောင်​ပြုရင်​ နင်​က ငါ့အတွက်
အရှုပ်​ထုတ်​ဘဲ .. "

" အ​မေ ကိုယ့်​စကားကို မှတ်​ထားပါ .. "

မိမိအား မလိုချင်​​သောမိသားစုကို အတင်းတွယ်​ကပ်​ပြီး
သံ​ယောဇဉ်​တွယ်​​နေရ​အောင်​ ဆယ်​နှစ်​​အောက်
က​လေးအရွယ်​လည်းမဟုတ်​သဖြင့်​ မည်​သည့်​ အပို
စကားမှထပ်​မ​ပြော​တော့ဘဲ ကိုယ့်​အခန်းထဲသာ
ဝင်​သွားလိုက်​သည်​ ။

ဤသည်​ကား အို ဆယ်​ ဟွန်း ၏ မျက်​ရည်​ချူ ချင်
စရာ​ကောင်း​သော ငယ်​ဘဝအစပင်​ .. ။

.
.

" အို ဆယ်​ ဟွန်း .. မင်းကို ငါတို့ ​မွေးစားလိုက်​ပြီ "

ကို​ ​လေး .. [ Complete ] Where stories live. Discover now