All My Love is For U [U]..

106 13 0
                                    

" မအိပ်သေးဘူး ဆယ် ဟွန်း "

ဂျုံ အင် ခြေလက်ဆေးပြီး ရေချိုးခန်းထဲမွ ပြန်ထွက်လာ
သည်အထိ စာရေးစားပွဲပေါ် လက်တော့တစ်လုံးနှင့်
အလုပ်ရှုပ်နေသည့် ဆယ် ဟွန်း ။

ဆယ် ဟွန်း ဆီ ရောက်သည့်အချိန်ကပင် အတော်လေး
နောက်က်နေပြီကို အနှီးသကောင့်သားက အခုထက်ထိ
စာအလုပ်မပြတ် ။

" အိပ်နှင့် .. ငါ လုပ်စရာရှိသေးလို့ "

အတော်လေးပင်ပန်းနေပေမဲ့ ဂျုံ အင် မျက်လုံးပိတ်၍မရ ။

တစ်နှစ်ကျော်လောက် ကြီးထွားခဲ့သည့် အလွမ်းထုထည်က
အခုလို တစ်ခန်းတည်း အတူရှိနေပြီး မျက်နှာလေး
မြင်နေရသည်ဆိုတော့ ဤအချိန်ခဏလေးအတွင်းကို
လက်လွှတ်စပယ် မကုန်ဆုံးစေချင် ။

အို ဆယ် ဟွန်း ဆီကလုံးလုံးလျားလျား လျစ်လျူ ရှုခြင်း
ခံံနေရသော်ငြား ဂျုံ အင့် အတွက် အထွေအထူးခံစား
ပြီး စိတ်ဆိုးစရာတော့မရှိ ။

" မင်း ငါ့ ကို လွမ်းလား ဆယ် ဟွန်း ..
ငါကတော့ မင်းကို သေအောင် လွမ်းတယ် ။
မြင်နေရတာတောင် လွမ်းနေတုန်းဘဲကြာ "

အစကတော့ ကုတင်ပေါ် တစောင်းအိပ်၍
ဆယ် ဟွန်း ၏ ပါးပြင်တစ်ခြမ်းအား တစ်စိမ့်စိမ့်ငေးကြည့်
နေရင်းမွ အားမလိုအားမရဖြစ်လာသဖြင့် ချက်ချင်းထပြီး
ဆယ် ဟွန်း အနားဆီလျှောက်သြားကာ ခါးအနည်းငယ်
ချိုး၍ ဆယ် ဟွန်း ပခုံးပေါ် ခေါင်း မှီချလိုက်သည် ။


" ကို လေး .. "

ဂျုံ အင့် ကို ခေါင်းစောင်းကြည့်လာသည့် ဆယ် ဟွန်း
ပါးပြင်နှင့် လည်ပင်းသားဖွေးဖွေးက အစိုးမရချင်သော
စိတ်အဖုံဖုံကို ရုန်းထစေနေသော်လည်း တည်ငြိမ်မှု
အပြည့်အဝရှိနေသည့် သကောင့်သား၏ အသက်ရှူ သံ
သဲ့သဲ့ကြောင့် ဂျုံ အင့် မွာ အကြမ်းအရမ်း ထင်တိုင်း
မကြဲရဲ ။

ဆပ်ပြာနံ့သင်းသင်းနှင့် ကိုယ်ရနံ့ ကိုသာ အကြိမ်ကြိမ်
ရှူ ရှိုက်ရင်း အလွမ်းထုထည်အား တစ်လွှာချင်း
ဖဲ့ခ်ရ၏ ။

" ချစ်တယ် ဆယ် ဟွန်း ။ မင်း ပြန်ချစ်ဖို့ စိတ်ကူးမရှိရင်
ငါ့ဘက်ကဘဲ ချစ်မယ် ။ ဒါပေမဲ့ အနားမွာတော့
နေပေးလေကွာ ။ ငါ့အတွက် မင်းကိုကြည့်နေရရင်
ကျေနပ်တယ် "

ကို​ ​ေလး .. [ Complete ] Where stories live. Discover now