Deep inside My Heart .. [U]

153 14 0
                                    

အခုန်မြန်လွန်းနေသော ရင်ဘက်ကို အသာပုတ်ရင်း
တံခါးကိုမွီကာ ထိုင်ချလိုက်သည် ။

အို ဆယ် ဟွန်း တစ်ကောင်ကြောင့် ဂျုံ အင်
ရင်တုန်ပန်းတုန် ခြေမခိုင်ဖြစ်သည်မွာ ပထမဆုံးအကြိမ်
ပင် ။

အရင်ကဆို ကိုယ့်စိတ်ကို ဒီထက်ပိုသိမွာစိုး၍
ဆယ် ဟွန်း နှင့် ဝေးဝေးနေရာမှ အခုလို လက်ပွန်းတတီး
နေပြန်တော့လည်း ကိုယ့်စိတ်ကိုမနိုင် ဆယ် ဟွန်း ၏
ကိုလေး တစ်ခွန်းထဲနှင့် စိတ်တွေကြွကာ အိပ်ယာပေါ်
ဆွဲသွင်းချင်သည့်အထိ ။

* ငုံးကောင် .. ငါ မင်း ကို ချစ်သာချစ်မိသွားရင်
တစ်နေကုန် အိပ်ယာထဲကထွက်ချင်ပါ့မလား .. *

ကိုယ့်အတွေးကို ခပ်လှောင်လှောင် သရော်ပြီး
ဘယ်သူမှမရှိသည့် အခန်းထဲတွင် အူလှိုက်သည်းလှိုက်
အော်ရယ်မိသည် ။

ဂျုံ အင် ၏ ခံစားချက်ကို သိသွားပြီဆိုတော့ ဒီထက်ပို၍
အဆင့်တက်မည် ။ ဒီထက် ပို၍ အသားယူမည် ။

အတွေးညစ်ညစ်နှင့်အတူ ဆယ် ဟွန်း ၏ အဝတ်မဲ့သော
ခန္ဓာကိုယ်က အတွေးထဲပေါ်လာသဖြင့် ရေချိုးခန်းထဲ
ပြေးရတော့သည် ။

.
.
.

ခါးအထိရှည်၍ အဖျားနားတွင် အနည်းငယ်
ခွေလိပ်ထားသော ကော်ဖီရောင်ဆံပင်အတုကို
တပ်ပြီးသည်နှင့် ဆယ် ဟွန်း ၏ မိန်းကလေးပုံ
ပြင်ဆင်ခြင်းပြီးသည် ။

နေ့လည်လောက်ကတည်းက ရွေးထားသည့်
ပန်းနုရောင်အနွေးထည်ပြပြကြောင့် အပိုအစာတွေ
ထည့်စရာမလိုဘဲ အဆင်ပြေသွားသည် ။

ဂျင်းအျပာဖျော့ဖျော့က ခြေတံရှည်နှင့် ကွက်တိဖြစ်နေပြီး
သာမာန်မိန်းကလေးထက် ပိုမြင့်သောအရပ်အတိုင်း
အတော်လေးကြည့်ကောင်း၏ ။

ဒီပုံစံအတိုင်း အိမ်ကထွက်ရန်မလွယ်သည်မို့
တိတ်တဆိတ်ဝယ်ထားသော တိုက်ခန်းတွင်
ဆယ်ဟွန်း ကြိုပြင်ရပြီး ဂျုံ အင့်ကိုတော့ လိပ်စာပေးပြီး
လာကြိုခိုင်းထားသည် ။

အရမ်းကြီးမိန်းမ,မဆန်သော်ငြား လွတ်လပ်ပေါ့ပါးသော
လူငယ်တစ်ဦးအသွင်အဖြစ် လတ်ဆတ်နေသည်ကိုတော့
ငြင်းမရ ။

ကို​ ​ေလး .. [ Complete ] Where stories live. Discover now