I Show U My Place .. [U]

121 14 0
                                    

" ကိုလေး .. ငါ မင်းကိုဒီနေရာခေါ်လာတာ
ငါဘာကြောင့် ဒါမျိုးတွေဝတ်လဲဆိုတာ သိစေချင်လို့ "

" စိတ်မပူပါနဲ့ .. ငါက မင်းကို ဒုက္ခရောက်အောင်
လုပ်မဲ့သူလား "

" ကျေးဇူး .. ကိုလေး "

သူငယ်ချင်းတွေနှင့် ခဏတွေ့ပြီး ဆယ် ဟွန်း ကို
စိတ်အနှောက်အယှက်မပေးချင်၍ ဝိုင်းဆွဲထားသည့်
ကြားက ဂျုံအင် ရှောင်ထွက်လာခဲ့သည် ။

ထို့နောက် ဆယ် ဟွန်းက သူသွားမည့်နေရာကို
ဂျုံ အင့်ကိုပါ လိုက်စေသည် ။

ကြယ်ငါးလုံးအဆင့်ရ အဆင့်မြင့်ဟိုတယ်တစ်ခုကို
ခေါ်သွားပြီး ဗီဗီအိုင်ပီ ကဒ်နှင့် ထိုဟိုတယ်၏
သီးသန့်ရှိပုံပေါ်သော ဘားခန်းမသို့ ရောက်သွားသည် ။

ဝင်ဝင်ချင်းပင် ဂျုံ အင် တစ်ခါမွမတွေ့ဖူးသောအပြင်အဆင်
နှင့်ဧည့်ခံမှုပုံစံတွေကြောင့် ဆယ် ဟွန်း ပြောပြမည့်
သူ့လျှိုဝှက်ချက်ကို ပိုပိုပြီးသိချင်လာသည် ။

" ငါ အဝတ်အစားလဲလိုက်ဦးမယ် ။ လုံးဝအရက်
မသောက်ရဘူးနော် "

" မင်းမကြိုက်တာဆို မလုပ်ပါဘူး ဆယ် ဟွန်း ရာ "

မျက်စိတစ်ဖက်မှိတ်ပြကာ ခပ်နောက်နောက်စမိတော့
ဆယ် ဟွန်း ပါးစပ်လှုပ်ရုံသာဆဲပြီး လက်မောင်းကို
တစ်ချက်ထိုးသြား၏ ။

လဒကောင်က အားနှင့်ထိုးသြားသဖြင့် အောင့်ပြီး
ကျန်ခဲ့သည့်လက်မောင်းကို ဆုတ်ကိုင်၍
ရယ်ကျဲကျဲနှင့် အချစ်မပျက်သူမွာ ဂင် ဂျုံ အင် သာလျှင် ။

ဆယ် ဟွန်း ပြန်ရောက်မလာသေးချိန် ဘားတစ်ခုလုံးကို
လိုက်ကြည့်တော့ အံ့ျသစရာကောင်းလောက်အောင်ပင်
အဆင့်အတန်းမြင့်ပြီး သိမ်မွေ့လွန်းသည် ။

သူ့ဝိုင်းနှင့်သူ , သူ့အခန်းနှင့်သူ အရက်သောက်သူမ်ားမွ
လြဲ၍ အခြားသရုပ်ပျက်သည့် မြင်ကွင်းမျိုးလုံးဝမရှိ ။

နားအေးပါးအေးအရက်သောက်ချင်သူများအတွက်
အတော်လေး မိုက်သည် ။

ဂျုံအင်တို့လိုလူငယ်များအတွက်တော့ ပျင်းဖို့ကောင်းလွန်း
သည့်နေရာမျိုးဖြစ်တာတော့အမှန်ပင် ။

ကို​ ​ေလး .. [ Complete ] Where stories live. Discover now