If We Are Distance ..

3.1K 433 9
                                    

" ဂျုံ အင်​ .. သား တက်​တူးထိုးထားတာလား "

" ဟုတ်​ "

ညစာစားပြီး ဧည့်​ခန်းတွင်​ မိသားစုစုံ စကားဝိုင်း၌ မာမီက
အပျင်း​ပြေစားရန်​  အသီးပန်းကန်​ ချ​ပေးရင်း ဂျုံ အင့်
လည်​ပင်းကို​သေချာကြည့်​ကာ ​​မေးလာသဖြင့်​ အနှီး
သ​ကောင့်​သားကသာ ​အေး​ဆေးဖြစ်​​နေ​သော်​ငြား
ဆယ်​ ဟွန်း မှာ​တော့ ရင်​တစ်​ထိပ်​ထိပ်​ ။

သိသာ​နေ​သော ဆယ်​ ဟွန်း ၏နာမည်​ကို မာမီ ​ရော
ဒယ်​ ဒီ​ရော မြင်​​လောက်​မှာမို့ အကယ်​၍ ဂျုံ အင်​သာ
ပေါက်​တက်​ကရ​ဖြေလာလျှင်​ မိသားစုအတွင်း
က​တောက်​ကဆ ဖြစ်​မည်​မှာ မလွဲ​ပေ ။

ထိုသို့​သော ​နေရခက်​မှုမျိုးကို ဆယ်​ဟွန်း လုံးဝ
မလိုချင်​ပါ ။

" ဆယ်​ ဟွန်း နီး .. ဒယ်​ဒီနဲ့ စကား​ပြောရ​အောင်​ "

" ဟုတ်​ ကဲ့ .. ဒယ်​ ဒီ "

စိုးရိမ်​​နေ​သော တစ်စုံတစ်​ယောက်၏ ​​မျက်​ဝန်းရိပ်​ကို
မမြင်​ချင်​​ယောင်​ပြုကာ ဒယ်​ဒီနှင့်​အတူ စာကြည့်​ခန်းထဲ
ဝင်​လိုက်​သည်​ ။

" ဂျုံ အင်​ က သားအ​ပေါ် မရိုးမသားဖြစ်​​နေတာလား ။
ဒါမှမဟုတ်​ နှစ်​ဦးနှစ်​ဖက်​ ဆန္ဒလား "

အ​ဖေနှင့်​သား ပုံမှန်​အ​ကြောင်းအရာတစ်​ခုကို ​ဆွေး​နွေး
နေသလို ဒယ်​ ဒီ ၏ ​လေသံ နှင့်​ စကားလုံးများက အရင်​လို
နွေး​ထွေးဆဲ ။

မွေးစားသားတစ်​​ယောက်​ ဆို​ပေမဲ့ မိဘ​မေတ္တာကို
ဂျုံ အင်​နှင့်​တန်းတူ ပြည့်​လျှံ စွာ ရရှိထား​တော့ ဆယ်​ ဟွန်း
ကိုယ်​တိုင်​လည်း ​မိဘစကား​မြေဝယ်​မကျနား​ထောင်​သူ
မဟုတ်​​သော်​ငြား အနည်းဆုံး​တော့ မသိတက်​တဲ့သား
တော့ မဖြစ်​ချင်​ ။

" ကျ​တော်​ ဒယ်​ ဒီ့ စကားအတိုင်း နား​ထောင်​မှာပါ "

" မင်းတို့နှစ်​​ယောက်​စလုံးက ဒယ်​ ဒီ့ သား​တွေပါ "

မင်းတို့နှစ်​​ယောက်​မဖြစ်​ရဘူးလို့ တိုက်​ရိုက်​မဆို​သည်​ကိုဘဲ
ဆယ်​ ဟွန်း တကယ်​​ကျေးဇူးတင်​မိသည်​ ။

ကို​ ​လေး .. [ Complete ] Where stories live. Discover now