Please .. Don't Leave Me .. [U]

139 12 0
                                    

ဂျုံ အင့် ဆြဲခေါ်ရာနောက် ဆယ် ဟွန်း ပါလာပေမဲ့
သွားသင့်မသွားသင့်ဒွိဟသည်ကား အချိန်အတော်ကြာ
လွန်ဆြဲနေဆဲ .. ။

" ကိုလေး .. မဖြစ်ဘူးထင်တယ် "

" ဖြစ်တယ် .. "

ဆယ် ဟွန်း ဆေးရုံကိုလာတိုင်း တံခါးဝမွတားနေကြ
သက်တော်စောင့်များမရှိသည်ကို မြင်မွ သက်ပြင်း
တစ်ချက်ခ်ကာ ဂျုံ အင့် ကို ကျေးဇူးတင်ကြောင်းပြောပြီး
အခန်းထဲဝင်လိုက်သည် ။

" အမေ .. "

" ဆယ် ဟွန်း .. မင်း ဘယ်လိုလုပ် "

ရောဂါကြောင့် ဖြူ ဖျော့နေသည့်တိုင် မာနကြီးကြီး
မာန်တင်းတင်းအမူအရာနှင့် မျက်နှာကတော့ နည်းနည်း
လေးတောင် မလျော့ချေ ။

" နေသာရဲ့လား "

" ဘာလာလုပ်တာလဲ "

" ကိုယ့်အမေနေမကောင်းဖြစ်နေတာကို
သားတစ်ယောက်အနေနဲ့ လာကြည့်လို့မရဘူးလား ။
အခုထက်ထိ က်တော့်ကို မုန်းနေတုန်းထင်တယ် "

" ငါ မင်း ကို မုန်းဖို့မပြောနဲ့ စိတ်ထဲတောင်မရှိဘူး "

အခန်းထဲစဝင်ဝင်ချင်းသာ တစ်ချက်ကြည့်ပြီး
မျက်နှာလွှဲသွားသည့် မိခင်ဖြစ်သူကြောင့်
စိတ်ထဲမကောင်း ။

မည်သို့ပင် မိမိအား စွန့်ပစ်ခဲ့သော်ငြား မိသားစု
သွေးရင်းဖြစ်၍ စိတ်မနာနိုင်ဘဲ အခုလို ဆေးရုံရောက်
နေသည်ဆိုတော့လည်း ဆယ် ဟွန်း မွာ စိုးရိမ်ရပြန်ပါ၏ ။

" က်တော် တောင်းပန်ပါတယ် ။ က်တော်သာ
မမွေးလာခဲ့ရင် "

" သိသားဘဲ ။ ဟုတ်တယ် မင်းကိုသာ ကိုယ်ဝန်မရခဲ့ရင်
ငါ သူနဲ့ လက်ထက်စရာအကြောင်းမရှိဘူး ။
ငါ့ဘဝကိုမင်းတို့နှစ်ယောက်စလုံးဖျက်ဆီးခဲ့တာ "

" ခင်ဗ်ားစကား ကလွန်လှချည်လား "

ဘယ်အချိန်အခန်းထဲရောက်လာမှန်း မသိသော
ဂျုံအင်သည် ဆယ် ဟွန်း ဘေးတွင်ရပ်ပြီး
လက်တစ်ဖက်ကိုဆုတ်ကိုင်ကာ သူ့စကားအတိုင်း
ဆယ်ဟွန်းတစ်ယောက်တည်းမဟုတ်ကြောင်း
သက်သေပြ၏ ။

" မင်း က ဘယ်သူလဲ "

" သူ့မိသားစုဝင် .. ဆယ် ဟွန်း နီး လို မိသားစုကို
သံယောဇဉ်ကြီးတဲ့ကလေးတစ်ယောက်ကို
က်တော်တို့ကတော့ သည်းသည်းလှုပ်ချစ်တယ် ။
အဲ့ဒါကြောင့် စကားပြောဆင်ခြင်ပေးပါ အန် တီ
ဆယ် ဟွန်း အမေအရင်းမို့ က်တော် မရိုင်းချင်ဘူး "

ကို​ ​ေလး .. [ Complete ] Where stories live. Discover now