If We Are Distance .. [U]

89 11 0
                                    

" ဂျုံ အင် .. သား တက်တူးထိုးထားတာလား "

" ဟုတ် "

ညစာစားပြီး ဧည့်ခန်းတွင် မိသားစုစုံ စကားဝိုင်း၌ မာမီက
အပျင်းပြေစားရန် အသီးပန်းကန် ခ်ပေးရင်း ဂျုံ အင့်
လည်ပင်းကိုသေချာကြည့်ကာ မေးလာသဖြင့် အနှီး
သကောင့်သားကသာ အေးဆေးဖြစ်နေသော်ငြား
ဆယ် ဟွန်း မွာတော့ ရင်တစ်ထိပ်ထိပ် ။

သိသာနေသော ဆယ် ဟွန်း ၏နာမည်ကို မာမီ ရော
ဒယ် ဒီရော မြင်လောက်မှာမို့ အကယ်၍ ဂျုံ အင်သာ
ပေါက်တက်ကရဖြေလာလျှင် မိသားစုအတွင်း
ကတောက်ကဆ ဖြစ်မည်မွာ မလြဲပေ ။

ထိုသို့သော နေရခက်မှုမျိုးကို ဆယ်ဟွန်း လုံးဝ
မလိုချင်ပါ ။

" ဆယ် ဟွန်း နီး .. ဒယ်ဒီနဲ့ စကားပြောရအောင် "

" ဟုတ် ကဲ့ .. ဒယ် ဒီ "

စိုးရိမ်နေသော တစ်စုံတစ်ယောက်၏ မျက်ဝန်းရိပ်ကို
မမြင်ချင်ယောင်ပြုကာ ဒယ်ဒီနှင့်အတူ စာကြည့်ခန်းထဲ
ဝင်လိုက်သည် ။

" ဂျုံ အင် က သားအပေါ် မရိုးမသားဖြစ်နေတာလား ။
ဒါမှမဟုတ် နှစ်ဦးနှစ်ဖက် ဆန္ဒလား "

အဖေနှင့်သား ပုံမှန်အကြောင်းအရာတစ်ခုကို ဆွေးနွေး
နေသလို ဒယ် ဒီ ၏ လေသံ နှင့် စကားလုံးများက အရင်လို
နွေးထွေးဆဲ ။

မွေးစားသားတစ်ယောက် ဆိုပေမဲ့ မိဘမေတ္တာကို
ဂျုံ အင်နှင့်တန်းတူ ပြည့်လွ်ံ စြာ ရရှိထားတော့ ဆယ် ဟွန်း
ကိုယ်တိုင်လည်း မိဘစကားမြေဝယ်မက်နားထောင်သူ
မဟုတ်သော်ငြား အနည်းဆုံးတော့ မသိတက်တဲ့သား
တော့ မဖြစ်ချင် ။

" က်တော် ဒယ် ဒီ့ စကားအတိုင်း နားထောင်မွာပါ "

" မင်းတို့နှစ်ယောက်စလုံးက ဒယ် ဒီ့ သားတွေပါ "

မင်းတို့နှစ်ယောက်မဖြစ်ရဘူးလို့ တိုက်ရိုက်မဆိုသည်ကိုဘဲ
ဆယ် ဟွန်း တကယ်ကျေးဇူးတင်မိသည် ။

ဆယ် ဟွန်း ကို ဒယ် ဒီ က ကိုယ်တိုင်ရွေးချယ်ခွင့်ပေးခြင်း
ဖြစ်ကြောင်း နားလည်မိလိုက်သည်နှင့် ရှေ့ဆက်မည့်
အနာဂတ်ကို တစ်ခါလောက်တော့ စဉ်းစားချင်လာပါ
သည် ။

ကို​ ​ေလး .. [ Complete ] Where stories live. Discover now