" ဒယ် ဒီ .. "
" ဆယ် ဟွန်း နီး အကြောင်း သိပြီးပြီပေါ့ "
ညဘက်မိသားစုစုံရာစကားဝိုင်းတွင် မာမီကိုယ်တိုင်
ဖျော်ပေးသောအအေးတစ်ခွက်နှင့် စာအုပ်ဖတ်နေသည့်
ဒယ်ဒီ့နားသွားထိုင်ပြီး ဆယ် ဟွန်း အကြောင်းကို
မပြောပြရကောင်းလားဟု ဂျုံအင် တစ်ယောက်
ပြသာနာသွားရှာလေရဲ့ ။" က်တော် ဆယ် ဟွန်း ကို ချစ်တယ် .. ဒယ် ဒီ
ခွင့်ပြုပေး "" တယ် .. ဒီကောင်လေး မိဘရှေ့မှာ
ပြောမထွက်တဲ့စကားကိုမရှိဘူး "ကိတ်မုန့်နှင့်အသီးမျိုးစုံလာချပေးသော မာမီက
ဂျုံ အင် စကားကိုကြားကြားချင်း ခေါင်းကို ခပ်ဖြဖြထုကာ
အရယ်တစ်ဝက်နှင့်် မာန်မဲသည် ။" မာ မီ လည်း ဆယ် ဟွန်း ကို ချစ်တာဘဲ .. ။
သားအနေနဲ့တောင်လက်ခံတယ်ဆိုရင် သမက်အနေနဲ့
လည်းဘာမှမထူးခြားသွားပါဘူး "" ဆယ် ဟွန်း နီး က မာနကြီးတယ် ။
အဲ့ဒါကို သားမမေ့နဲ့ "ဆယ် ဟွန်း ဘယ်လောက်ထိ မာနကြီးကြောင်း
ဂျုံ အင်သိပြီးသားဖြစ်ပေမဲ့ အို ဆယ် ဟွန်း ကို
ချစ်လွန်း၍ဟူသောအကြောင်းပြချက်က ထိုမာန၏
အကျိုးသက်ရောက်မှုကို မမှုချင်ပါ ။" က်တော်လည်း အချစ်ကြီးတယ် ဒယ် ဒီ ။
သူခေါင်းမာတာကို သိပေမဲ့
တစ်ယောက်တည်း ရှိသမျှပြသာနာအကုန်လုံးကို
ကြိတ်ဖြေရှင်းနေတာကိုတော့ ခွင့်မပြုနိုင်ဘူး ။ "" သူ့မိသားစုအရေးလေ ဂျုံ အင်
ဒါကို ဒယ်ဒီတို့ ဝင်စွက်ဖက်လို့မရဘူး ။
သူကိုယ်တိုင်မမွီခိုသ၍ ဒယ်ဒီတို့ဘက်က
စောင့်ကြည့်ရုံဘဲ "" က်တော်တို့က သူ့အတွက် သူစိမ်းတွေလား ။
သူ့ကိုချစ်လွန်းလို့ စိုးရိမ်ပူပန်နေရတဲ့ က်တော့်ကိုရော
မမြင်တော့ဘူးလား ။ "တွေးလိုက်တိုင်း စိတ်နာမိသလို စဉ်းစားလိုက်တိုင်းလည်း
ရင်တွင်မချိ ။အို ဆယ် ဟွန်း ဆိုတဲ့ သင်းကို ဂျုံ အင်
ဘယ်တောင်ချစ်သည်ထင်သလဲ ။မျက်နှာတစ်ချက်လေးနွမ်းသွားရုံနှင့်တင် ပျာယာခက်ရ
သည့် ဒီဂင်ဂျုံအင့် သောကကိုကြ မမြင်ဘဲ
လွှတ်ထားပေးလိုက်ပါဆိုတော့ အို ဆယ် ဟွန်း မာန
ကဘဲအရေးပါသည်ပေါ့ ။