I Hate U ..

2.8K 376 11
                                    

" ဒယ်​ ဒီ .. "

" ဆယ်​ ဟွန်း နီး အ​ကြောင်း သိပြီးပြီ​ပေါ့ "

ညဘက်​မိသားစုစုံရာစကားဝိုင်းတွင်​ ​မာမီကိုယ်​တိုင်
ဖျော်​​ပေး​သော​အ​အေးတစ်ခွက်​​နှင့်​ စာအုပ်​ဖတ်​​နေသည့်
ဒယ်​ဒီ့နားသွားထိုင်​ပြီး ဆယ်​ ဟွန်း အ​ကြောင်းကို
မ​ပြောပြရ​ကောင်းလားဟု ဂျုံအင်​ တစ်​​ယောက်
ပြသာနာသွားရှာ​လေရဲ့ ။

" ကျ​တော်​ ဆယ်​ ဟွန်း ကို ချစ်​တယ်​ .. ဒယ်​ ဒီ
ခွင့်​ပြု​ပေး "

" တယ်​ .. ဒီ​ကောင်​​လေး မိဘ​ရှေ့မှာ
ပြောမထွက်​တဲ့စကားကိုမရှိဘူး "

ကိတ်​မုန့်​နှင့်​အသီးမျိုးစုံလာချ​ပေး​သော မာမီက
ဂျုံ အင်​ စကားကိုကြားကြားချင်း ​ခေါင်းကို ခပ်​ဖွဖွထုကာ
အရယ်တစ်ဝက်နှင့် ​မာန်​မဲသည်​ ။

" မာ မီ လည်း ဆယ်​ ဟွန်း ကို ချစ်​တာဘဲ .. ။
သားအ​နေနဲ့​တောင်​လက်​ခံတယ်​ဆိုရင်​ သမက်​အ​နေနဲ့
လည်းဘာမှမထူးခြားသွားပါဘူး "

" ဆယ်​ ဟွန်း နီး က မာနကြီးတယ်​ ။
အဲ့ဒါကို သားမ​​မေ့နဲ့ "

ဆယ်​ ဟွန်း ဘယ်​​လောက်​ထိ မာနကြီး​ကြောင်း
ဂျုံ အင်​သိပြီးသားဖြစ်​​ပေမဲ့ အို ဆယ်​ ဟွန်း ကို
ချစ်​လွန်း၍ဟူ​သောအ​ကြောင်းပြချက်​က ထိုမာန၏
အကျိုးသက်​​ရောက်​မှုကို မမှုချင်​ပါ ။

" ကျ​တော်​လည်း အချစ်​ကြီးတယ်​ ဒယ်​ ဒီ ။
သူ​ခေါင်းမာတာကို သိ​ပေမဲ့
တစ်​​ယောက်​တည်း ရှိသမျှပြသာနာအကုန်​လုံးကို
ကြိတ်​​ဖြေရှင်း​နေတာကို​တော့ ခွင့်​မပြုနိုင်​ဘူး ။ "

" သူ့မိသားစုအ​ရေး​လေ ဂျုံ အင်
ဒါကို ဒယ်​ဒီတို့ ဝင်​စွက်​ဖက်​လို့မရဘူး ။
သူကိုယ်​တိုင်​မမှီခိုသ၍ ဒယ်​ဒီတို့ဘက်​က
စောင့်​ကြည့်​ရုံဘဲ "

" ကျ​တော်​တို့က သူ့အတွက်​ သူစိမ်း​တွေလား ။
သူ့ကိုချစ်​လွန်းလို့ စိုးရိမ်​ပူပန်​​နေရတဲ့ ကျ​တော့်​ကို​ရော
မမြင်​​တော့ဘူးလား ။ "

တွေးလိုက်​တိုင်း စိတ်​နာမိသလို စဉ်းစားလိုက်​တိုင်းလည်း
ရင်​တွင်​မချိ ။

ကို​ ​လေး .. [ Complete ] Where stories live. Discover now