Are U FUCKING Stupid !!?? [U]

173 16 0
                                    

ကိုကို မခေါ်ချင်၍ ကိုလေး ဟု ပြောင်းခေါ်ခြင်းကို
ထိုသကောင့်သားကမကျေနပ်သော်လည်း မာမီ ကတော့
ညီအကိုနှစ်ယောက်အဆင်ပြေနေသည်ဟူ၍ ကျေနပ်ပီတိ
ဖြစ်နေလေရဲ့ ။

" ဂျုံ အင် .. အာ .. ကိုလေး "

မထိတထိအခေါ်အဝေါ်က လွ်ာပေါ်မစွဲသည်မို့
မနည်းကို ရင်းနှီးအောင်လုပ်နေရသည့်အချိန်အတွင်း
ဂင် ဂျုံ အင် ဆိုသူကတော့ ဆယ် ဟွန်း ကို ခိုင်းဖက်လို
နိုင်စားနေတော့သည် ။

" ဆယ် ဟွန်း .. ဒီနားလာခဲ့ "

ကျောင်းမသွားခင် မိသားစုစုံ မနက်စာစားနေသည့်
အချိန်တွင်တောင် ဟန်မဆောင်နိုင်ဘဲ ဆယ် ဟွန်း ကို လက်ယက်ခေါ်သည်မို့ သက်ပြင်းခ် ၍ ထမင်းဝိုင်းက ထ
ဧည့်ခန်းတွင် ကော်ဖီသောက်နေသော ဂျုံ အင် ဆီ
လျှောက်သွားလိုက်၏ ။

" မင်း ဘာပြောမလို့လဲ "

" ဆယ် ဟွန်း .. မင်း ဒီနေ့ မိန်းကလေးလို ဝတ်မွာ
မဟုတ်လား ငါ့ကိုတစ်ခုကူညီ "

" ဘာလဲ ဘာ . မဟုတ်တာခိုင်းမလို့လဲ "

ကိုယ့်ကိုယ်ရေးကိုယ်တာကြောင့် ထိုပုံစံမျိုး ဝတ်သည်ကို
ရင်းနှီးသောလူတစ်ယောက်ရှေ့ လူလုံးထွက်ပြရမည်
ဆိုတာကတော့ ဆယ် ဟွန်း အတွက် လက်မခံနိုင်သည့်
ကိစ္စပင် ။

" မင်းကို ထိခိုက်အောင်မလုပ်ဘူး ။ နေ့လည်ပိုင်း
အတန်းလစ်ပြီး မင်းအတွက် အဝတ်အစားဝယ်ပေးမယ် "

" အင်း "

သူ့အလိုကျခေါင်းငြိမ့်ပေးရမည်မွာ ဆယ် ဟွန်း နှင့်
ဂျုံ အင် ကြားက သဘောတူညီချက် ။

ဆယ် ဟွန်း အဖြေကိုရပြီးသည်နှင့် ကော်ဖီခွက်ပြန်ကိုင်
ကာ ဖုန်းကလိရန် အာရုံရောက်သွားသဖြင့် အလိုက်တသိ
ဂျုံ အင့် အနားက ထွက်လာပေးပြီး ထမင်းဝိုင်းတွင်
ပြန်ထိုင်လိုက်သည် ။

အခုမွ သခင်နဲ့ အစေခံ ပုံပေါက်နေ၍ ပြန်ခေါင်းထောင်
လာသောမာနက အနှီး ဂင် ဂျုံ အင် အား တစ်နည်းနည်း
တော့ ဒုက္ခရောက်အောင် အကြံယုတ်ချင်သည် ။

အသက်ရှူ သံပြင်းပြင်းနှင့် ဂျုံ အင့် ကိုမကျေမနပ်
ဖြစ်နေတာတောင် ဘာတစ်ခွန်းမွ မတုန့်ပြန်ဘဲ
တိတ်တဆိတ်ပင် မနက်စာပြန်ထိုင်စားနေသည့်
ဆယ်ဟွန်း ကို တစ်ချက်ငေးကြည့်ပြီး ပြုံးချင်နေသည့်
နှုတ်ခမ်းကို အတင်းဖိကိုက်ကာ ချက်ချင်းအကြည့်လွှဲ
လိုက်သည် ။

ကို​ ​ေလး .. [ Complete ] Where stories live. Discover now