Love Meaning is U .. [U]

104 13 0
                                    

" မင်း ကတော့ ပြုံးနိုင်လိုက်တာ .. အို ဆယ် ဟွန်း ရာ "

မိန်းကလေးတစ်ယောက်နှင့် ပြုံးရယ်ပြီး စကားပြော
နေသည့် ဆယ် ဟွန်း ဓာတ်ပုံများကို ကုတင်ပေါ်ပစ်ချပြီး
အနည်းငယ်နွမ်းနယ်နေသော ခန္ဓာကိုယ်ကိုပါ အနားပေး
လိုက်သည် ။

ပိုင်ရှင်မသိအောင်ခိုးဝင်ပြီး တစ်နင့်တစ်ပိုး လွမ်းခဲ့ရသော
ဆယ် ဟွန်း အား ညလုံးပေါက် ထိုင်ကြည့်ရုံအပြင်
ထိုတစ်ညက မည်သည့်စိတ်ကူးကိုမွ ပုံမဖော်ခဲ့ ။

နောက်ထပ်လည်း သြားမကြည့်ခဲ့သည်မွာ တစ်လကျော်
ရှိချေပြီ ။

တမင်ကို ကိုယ့်စိတ်ကိုယ့်ခန္ဓာအား ထိန်းချုပ်ပြီး
ဆယ် ဟွန်း ၏ တစ်နေ့တာ သွားလာမှုကိုပါ ဓာတ်ပုံရိုက်
စုံစမ်းရန် လူလွှတ်ထားသည် ။

ဒယ် ဒီ ထောက်ပံ့သည်ကိုလည်း လက်မခံဘဲ
ကိုယ့်ကျောင်းစရိပ်နှင့် အလုပ်လုပ်ပြီး ကျောင်းတက်နေပုံ
ပါဘဲ ။

နောက်ဆုံးနှစ်စာမေးပွဲဖြေရန်သိပ်မလိုတော့ပြီမို့
ဘွဲ့ရပြီးပြီးချင်း အလုပ်တန်းဝင်မလားမပြောတက် ။

ဂျုံ အင်တောင် ဒယ်ဒီ၏ ကုမ္ပဏီ တွင် အလုပ်သင်အဖြစ်
တစ်နှစ်ကျော်မက လေ့လာထားသဖြင့် များမကြာမီ
ရာထူးအတည်တကျနှင့် စီးပြားရေးနယ်ပယ်ထဲ
ဝင်ရတော့မည် ။

အရွယ်ငယ်သေးသည်ကတစ်ကြောင်း ပိုင်ရှင်၏
သားဖြစ်သည်ကတစ်ကြောင်းကြောင့် ရင်ဆိုင်ရမည့်
ဖိအားများနှင့် မယုံကြည်မှု အထင်အမြင်သေးမှုတွေက
ဂျုံ အင် ထင်ထားသည်ထက် ပိုလေးပင်ပြီး ပိုပင်ပန်းသည် ။

ထိုအချိန်မျိုးရောက်လာလျှင် အနားတွင် ဆယ် ဟွန်း ကို
ရှိစေချင်သည် ။

ကုတင်ပေါ် ခြေပစ်လက်ပစ်လှဲချပြီး အရင်နေ့တွေတုန်းက
ပို့ထားသည့် ပုံအချို့ကို ထုတ်ကြည့်နေချိန် တစ်တီတီ
်ဖုန်းမြည်သံနှင့် ဖုန်းနံပါတ်စိမ်း ။

စိတ်ရှုပ်နေသည့်ကြားက အို ဆယ် ဟွန်း မ်ား
ဖြစ်နေမလားဟူသော သံသယနှင့် ဖုန်းကိုင်မိတော့
ဟယ်လိုမစရသေးခင် ရယ်သံလွင်လွင်က ခပ်တိုးတိုး
ထွက်လာသည် ။

ကို​ ​ေလး .. [ Complete ] Where stories live. Discover now