Deep inside My Heart ..

4.4K 467 40
                                    

အခုန်​မြန်​လွန်း​နေ​သော ရင်​ဘက်​ကို အသာပုတ်​ရင်း
တံခါးကိုမှီကာ ထိုင်​ချလိုက်​သည်​ ။

အို ဆယ်​ ဟွန်း တစ်​​ကောင်​​ကြောင့်​ ဂျုံ အင်
ရင်​တုန်​ပန်းတုန်​ ​ခြေမခိုင်​ဖြစ်​သည်​မှာ ပထမဆုံးအကြိမ်
ပင်​ ။

အရင်​ကဆို ကိုယ့်​စိတ်​ကို ဒီထက်​ပိုသိမှာစိုး၍
ဆယ်​ ဟွန်း နှင့်​ ​ဝေး​ဝေး​နေရာမှ အခုလို လက်​ပွန်းတတီး
နေပြန်​​တော့လည်း ကိုယ့်​စိတ်​ကိုမနိုင်​ ဆယ်​ ဟွန်း ၏
ကို​လေး တစ်​ခွန်းထဲနှင့်​ စိတ်​​တွေ​ကြွကာ အိပ်​ယာ​ပေါ်
ဆွဲသွင်းချင်​သည့်​အထိ ။

* ငုံး​ကောင်​ .. ငါ မင်း ကို ချစ်​သာချစ်​မိသွားရင်
တစ်​​နေကုန်​ အိပ်​ယာထဲကထွက်​ချင်​ပါ့မလား .. *

ကိုယ့်​အ​တွေးကို ခပ်​​လှောင်​​လှောင်​ သ​ရော်​ပြီး
ဘယ်​သူမှမရှိသည့်​ အခန်းထဲတွင်​ အူလှိုက်​သည်းလှိုက်
အော်​ရယ်​မိသည်​ ။

ဂျုံ အင်​ ၏ ခံစားချက်​ကို သိသွားပြီဆို​တော့ ဒီထက်​ပို၍
အဆင့်​တက်​မည်​ ။ ဒီထက်​ ပို၍ အသားယူမည်​ ။

အ​တွေးညစ်​ညစ်​နှင့်​အတူ ဆယ်​ ဟွန်း ၏ အဝတ်​မဲ့​သော
ခန္ဓာကိုယ်​က အ​တွေးထဲ​ပေါ်လာသဖြင့်​ ​ရေချိုးခန်းထဲ
ပြေးရ​တော့သည်​ ။

.
.
.

ခါးအထိရှည်​၍  အဖျားနားတွင်​ အနည်းငယ်​ 
ခွေလိပ်​ထား​သော ​ကော်​ဖီ​ရောင်​ဆံပင်​အတုကို
တပ်​ပြီးသည်​နှင့်​ ဆယ်​ ဟွန်း ၏ မိန်းက​လေးပုံ
ပြင်​ဆင်​ခြင်းပြီးသည်​ ။

နေ့လည်​​လောက်​က​တည်းက ​ရွေးထားသည့်
ပန်းနု​ရောင်​အ​နွေးထည်​ပွပွ​ကြောင့်​ အပိုအစာ​တွေ
ထည့်​စရာမလိုဘဲ အဆင်​​ပြေသွားသည်​ ။

ဂျင်းအပြာ​ဖျော့​ဖျော့က ​ခြေတံရှည်​နှင့်​ ကွက်​တိဖြစ်​​နေပြီး
သာမာန်​မိန်းက​လေးထက်​ ပိုမြင့်​​သောအရပ်​အတိုင်း
အ​တော်​​လေးကြည့်​​ကောင်း၏ ။

ဒီပုံစံအတိုင်း အိမ်​ကထွက်​ရန်​မလွယ်​သည်​မို့
တိတ်​တဆိတ်​ဝယ်​ထား​သော တိုက်​ခန်းတွင်
ဆယ်​ဟွန်း ကြိုပြင်​ရပြီး ဂျုံ အင့်​ကို​တော့ လိပ်​စာ​ပေးပြီး
လာကြိုခိုင်းထားသည်​ ။

ကို​ ​လေး .. [ Complete ] Where stories live. Discover now