အပိုင်း (၃) - Warning

12.5K 150 4
                                    

ဇော်ဝင်းသန်းရဲ့ မင်္ဂလာဆောင်က ကြယ်သုံးပွင့်အဆင့်ရှိ ဟိုတယ်လေး တစ်ခုမှာ ကျင်းပဖြစ်ပါတယ်။

 မင်္ဂလာပွဲကလေးက အရမ်းကြီး မခမ်းနားသော်လည်း သူ့ဟာနဲ့သူတော့ အဆင်ပြေပြေ ဖြစ်သွားရှာပါတယ်။ 

ဇော်ဝင်းသန်းက သိပ်ပိုက်ဆံရှိတဲ့သူ မဟုတ်။. .

ပြောရရင် ကျွန်တော်တို့ မိသားစုလောက်တောင် မရှိရှာဘူး။ ဒီကောင် တမင်သက်သက် အပိုကြွားချင်တာနဲ့ ဟိုတယ်တက်ပြီး မင်္ဂလာဆောင်ချင်တာဖြစ်မယ်။ 

မင်္ဂလာဆောင် စရိတ်က ဒီခေတ်ကြီးထဲ နည်းတာမဟုတ်ဘူး။ 

ကျွန်တော်သာဆို ယုနဲ့ လက်ထပ်ရင် မင်္ဂလာဆောင်စရိတ်ကို အဲ့လောက်ကြီး အကုန်ကျမခံဘူး။ အဓိကက သူနဲ့ကိုယ် စိတ်တူကိုယ်တူ ဖြစ်ဖို့က အဓိကပဲလေ။ ရုံးတက်လက်မှတ်ထိုးပြီး ဆွမ်းကျွေးလိုက်တယ်ဆိုရင်ကိုး ရနေပြီ၊ ကျန်တာတွေ ဘာမှ အရေးမကြီးဘူး။ 

တကယ်လို့များ ယုတို့ဟိုတယ်က သူတို့ဝန်ထမ်းမင်္ဂလာဆောင်မှာမို့ ခန်းမကို ဖလာကျိတ်ရတယ် ဆိုရင်တော့ ကောင်းတာပေါ့။ အဲလိုမှ မဟုတ်လို့ကတော့. .

"ဟာ ကျော်စွာတို့ လင်းမြတ်သူတို့ ပါလား"ကျွန်တော် ကိုယ့်အတွေးနဲ့ကိုယ် စိတ်ကူးနေစဉ် ကျွန်တော်တို့ဝိုင်းသို့ ဆရာဦးဝင်းမောင် ဝင်လာထိုင်သည်။

 ကျွန်တော့်ဘေးမှာ ထိုင်နေသော လင်းမြတ်သူက ဆရာ့ကိုတွေ့တော့ မတ်တပ်ရပ်ကာ နူတ်ဆက်လေသည်။

'ဟာဆရာ မတွေ့ရတာတောင်ကြာပြီ၊ အမျိုးသမီးရော မပါဘူးလား'


"အေးကွာ မတွေ့ရတာကြာပြီ၊ ဆရာ့အမျိုးသမီးက အခု ဖောင်ကြီးမှာကွ၊ ဒါနဲ့ ဇာနည် တစ်ယောက်လည်း မတွေ့ပါလားကွ။"


'အော်ဆရာရယ်၊ ဇာနည်ကလာချင်တာပေါ့။ ဒီကောင်အခု အလုပ်ကိစ္စနဲ့ နယ်ခဏရောက်နေတာ။ သိတဲ့အတိုင်းပဲလေ ဇော်ဝင်းသန်းက ဗြုန်းစားကြီး မိန်းမကောက်ယူလိုက်ရတော့ သူငယ်ချင်းအရင်းကြီးတွေတောင် လာဖို့အချိန်မမှီလိုက်ဘူး ဖြစ်သွားတာ'

စာမျက်နှာသစ် (Myanmar Unicode + Zaw Gyi)Where stories live. Discover now