အပိုင်း (၁၀)

3.9K 115 0
                                    

ယနေ့ ဈေးဝယ်စင်တာမှာ ကြားရက်မို့ လူသိပ်မရှိ၊ 

သို့သော် ရုံးခန်းများ နေ့လည်စာ စားချိန်တွင် စင်တာအတွင်းသို့ ရုံးဝန်ထမ်းများ အလျိုအလျို ရောက်လာကြတတ်သည်။

ယုက ဦးငယ်နှင့် တွေ့ရမည့်နေရာကို တမင်သက်သက် ကို့ရုံးရှေ့မှာရှိတဲ့ ရှော့ပင်စင်တာထဲက ကော်ဖီဆိုင်မှာ ချိန်းလိုက်တာလေ


ဟူး 

ကိုနဲ့ တည့်တည့်မတိုးရင်တောင် သူ့ သူငယ်ချင်း တစ်ယောက်ယောက်ကို မြင်စေချင်လို့ပါ။ 

ဒါမှ ကို သဝန်တိုမှာလေ

ဦးငယ်က ကြိုရောက်နေနှင့်ပြီ၊ 

ယုဝင်လာတာတွေ့တော့ ဦးငယ်က ထိုင်ခုံကနေ အနည်းငယ်ကြွပြီး လှမ်းနူတ်ဆက်လေသည်။ ယုလည်း ဦးငယ်ရဲ့ အရှေ့မှာ နေရာတကျ ဝင်ထိုင်လိုက်ပြီး. . 

ကော်ဖီတစ်ခွက် မှာလိုက်ပါသည်။

ထုံးစံအတိုင်း ဦးငယ်က အမြဲတမ်း မွှေးကြိုင်သန့်ပြန့်နေစဲ. . . ။


သူ့ရဲ့ ဆံပင်ကေ တိုတိုပုံစံနဲ့ ရှပ်အကျီၤ အပြာရင့်ရောင်အဆင်းလေးက သူ့ကိုပိုပြီး ယောင်္ကျားပီသစေတယ်၊ ကို့လိုမျိုး ယုအကြိုက်ပုံစံမဟုတ်ပေမယ့် သူ့ပုံစံလေးနဲ့သူ အတော်လေး ကြည့်ကောင်းတဲ့သူပါ။


ဟိုက်. . ငါဘာတွေ တွေးနေမိပါလိမ့်။ 

ကိုနဲ့ ဦးငယ်နဲ့က နိူင်းယှဉ်စရာမှ မလိုတာ. . ။ ဦးငယ်လို အခုမှ သိတဲ့ သူစိမ်းသာသာ အသိမိတ်ဆွေ တစ်ယောက်ကို ငါဘာတွေသွားပြီး တွေးနေတာလဲ။ 

တော် တော်. . . ဒီအတွေးဒီမှာတင်ရပ်။

ဒါပေမယ့် ယု တလွဲတွေးမိတယ်လို့ ဝန်မခံချင်ပါဘူး။ ယုမှာ နောက်ထပ်အကြောင်းပြချက် ရှိပါတယ်။ 

ခုလို တည်တည်ကြည်ကြည်နဲ့ ဒီလောက်မိုက်တဲ့ ဦးငယ်က အချစ်ရေးမှာ ကံမကောင်းရှာဘူးပဲ၊ သူ့ကို သူ့ဂျပန်မက နောက်ကွယ်မှာ သစ္စာဖောက်နေရှာတယ်။

ဦးငယ်က ပြုံးစစလေးနှင့် မေးလေးငေါ့ကာ မေးလိုက်သည်။


စာမျက်နှာသစ် (Myanmar Unicode + Zaw Gyi)Where stories live. Discover now