အပိုင်း (၁၂)

3.8K 106 1
                                    

ယုရဲ့ အကြံအစည် မအောင်မြင်ဘဲ အိမ်ပြန်ရောက်လာခဲ့ရသည်။ 

ဒါပေမယ့် အိမ်ပြန်လာတဲ့ လမ်းတလျှောက် ဦးငယ်ရဲ့ ကားပေါ်မှာ စကားတွေ ဖောင်ဖွဲ့အောင် ပြောဖြစ်ခဲ့ကြလို့ ကို့ဆီကို သိပ်အာရုံမလာဖြစ်တော့။ ပြန်လာတော့ ရင်ထဲမှာ ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်လာတယ်။ 

ရေချိုးခန်းထဲမှာ ခေါင်းလျှော်နေရင်း စဉ်းစားမိသည်။

ဦးငယ်က တကယ့်လူကောင်းတစ်ယောက်ပါ။ ခင်ဖို့လည်း ကောင်းသလို မိန်းကလေးတွေ အပေါ်မှာလည်း ကြင်နာတတ်ပြီး နားလည်မှုရှိတဲ့ လူစားမျိုးပါ။


သူနဲ့တွေ့ရတဲ့ တနေ့ခင်းလေးမှာ သူ့ဆီက အပျော်တွေ ကူးစက်သွားစေတယ်။ 


ကိုနဲ့ရန်ဖြစ်လို့ စိတ်ညစ်နေရတဲ့အချိန် အိုအေစစ်လေးတစ်ခုလို ခဏတာ စိတ်အပန်းပြေသွားတယ်။ ဦးငယ်နဲ့ တွေ့မိလိုက်တာ ယုမှာ လင်ပူမှိုင်းမိနေရာကနေ အမြင်မှန်တွေ ပြန်ရလာသလိုပဲ။

ကိုယ့်ဘာကိုယ်တွေးရင်း ရယ်မိသည်။


ဘာပဲပြောပြော ဦးငယ်နဲ့ အခုလို သွားလိုက်လာလိုက် စားလိုက်သောက်လိုက်နဲ့ တွေ့လိုက်ရတာ ယု ရင်ထဲကဒဏ်ရာတွေ နည်းနည်း သက်သာသွားသလိုပဲ. .။


ဒါပေမယ့်လည်း ဦးငယ်ကို ယုရဲ့ ထွက်ပေါက်တစ်ခုအနေနဲ့ အသုံးမချချင်ပါဘူး။ ဦးငယ်ကလည်း သူ့ဘဝနဲ့သူ ယုကလည်း ကိုယ့်ဘဝနဲ့ကိုယ်ပါပဲ။ 

ဦးငယ်သာ ကိုနဲ့ယုရဲ့ အကြောင်းတွေသိသွားရင် ဘယ်လိုများ နေမလဲ မသိဘူးနော်. .။

ရေချိုးခန်းထဲက ထွက်လာတော့ ဆံပင်ကို dryer မှုတ်၊ သပ်သပ်ရပ်ရပ်ပုံသွင်း၊ ပြီးတော့ လက်သည်းခြေသည်းတွေကို ဆေးအဟောင်းတွေ ပြန်ဖျက် အရောင်လွင်လွင်လေးတွေ ဆိုးချယ် နေမိသည်။ 

မှန်ထဲမှာ ကိုယ့်ဘာကိုယ်ပြန်ကြည့်ရင်း

ဟုတ်တယ်၊ ငါ့မှာ တခြား အရေးကြီးတဲ့ အရာတွေ အများကြီးရှိတယ်။ အခြား ပျော်စရာကောင်းတဲ့ အရာတွေ အများကြီးရှိတယ်။

စာမျက်နှာသစ် (Myanmar Unicode + Zaw Gyi)Where stories live. Discover now