အပိုင်း (၁၈)

3.6K 106 6
                                    

ညဘက် ကျော်စွာနဲ့ ဥက္ကာထွန်းတို့ရဲ့ အခန်းဝရံတာမှာ လေလေးတဖြူးဖြူး. .


ကိုအသေးလေးက ဂစ်တာသယ်လာခဲ့သည်မို့ ကျွန်တော်တို့အရက်ဝိုင်းက အလွန်သာယာသည်။ 

လရောင်လေးအောက်မှာ သီချင်းလေး တစ်ပိုဒ် နှစ်ပိုဒ်လောက် ဝိုင်းဆိုလိုက်ကြ 

တခွက်တဖလားစီ မော့လိုက်ကြ အလာပသလာပ ပြောလိုက်ကြနှင့် 

လူငယ်ဘ၀ တကယ့်အနှစ်သာရတွေကို ခံစားနေရသည်။

ဒီလိုမျိုး အပေါင်းအသင်းတွေ သိုက်သိုက်ဝန်းဝန်းနဲ့ မပျော်ရတာ ကြာပါပြီ. . ။


"မင်း စော်နဲ့ ဘယ်လိုဖြစ်လို့ ပြတ်သွားရတာလဲကွာ"


'ကျွန်တော့်စော်က ကျွန်တော့်ကို အရမ်းရစ်တယ်ဗျာ. .။ အမြဲတမ်းလည်း သူနဲ့တွေ့လိုက်တိုင်း စကား ၃ ခွန်းလောက်ပြောလိုက်တာနဲ့ ကွိုင်ထရှာပြီ. . ။'


"ဟာ. . အဲလိုကြီးလား"


'ဟုတ်တယ်ဗျာ. . .အခုလည်း ဒီခရီး ကျွန်တော် အကုန်စီစဉ်ပြီးပါပြီ. .. လေယာဉ်လက်မှတ် တွေတောင် ဝယ်ပြီးပါပြီဆိုမှ မသွားနဲ့ ဖျက်လိုက်တဲ့. .'


"ဟာ ဒါတော့ ဟုတ်တာပေါ့ ညီလေး. . သူက နားလည်မှုမရှိတာ. ."


'ကျွန်တော်လည်းဗျာ. . ဒီလောက်အကြာကြီးကို တွဲလာခဲ့ပြီးမှ သည်းခံပြီး အတတ်နိုင်ဆုံး ညှိ့ယူခဲ့ပါသေးတယ်။ ဒါပေမယ့် သူက ပြတ်တဲ့စကား သူအရင်ပြောလာတာ. .'


"အေးကွာ. .ဒါမျိုးကြီးဆိုရင်တော့ ပြတ်လိုက်တာ ပိုကောင်းတယ်ကွာ. . ငါတို့ဆိုလည်း ကျောပူတာပဲ ခံနိုင်မယ် နားပူတာ မခံနိုင်ဘူးကွ"


'အကိုတို့လည်း သိပါတယ်. . ကျွန်တော် တော်ရုံတန်ရုံ မိန်းကလေးကိစ္စဆို အတတ်နိုင်ဆုံး လက်ရှောင်တာများတယ်။ ကျွန်တော် ကိုယ့်ဘာသာကိုယ်နေတာ။ ကျွန်တော် သူများတွေလို စော်ရှုပ်တဲ့ကောင်လည်း မဟုတ်ဘူး။ လောင်းကစားသမားလည်း မဟုတ်ဘူး။'

စာမျက်နှာသစ် (Myanmar Unicode + Zaw Gyi)Where stories live. Discover now