"ဘယ်လို. . ရန်တကျက်ကျက် ဖြစ်နေတယ်သာပြောတယ်။ အကို့ကြည့်ရတာ ပျော်နေသလိုဘဲ"
'ဟုတ်တယ် ညီရ။ အကိုတို့က ငယ်သူငယ်ချင်းတွေလေ. . ပြောမနာဆိုမနာတွေ.@#$%&*'
ကိုဒေးဗစ်၏ စကားများကို နားထောင်နေရင်း ကျွန်တော့်စိတ်ထဲမှာ ကျွန်တော့်မင်္ဂလာဆောင် အကြောင်း စိတ်ကူးယဉ်မိပါသည်။
ကျွန်တော်လည်း တချိန်ချိန်ကျရင် ယုနဲ့လက်ထပ်မယ့် အကြောင်းကို အခုလိုပဲ မိတ်ဆွေသူငယ်ချင်းတွေဝိုင်းပြီး စားကြသောက်ကြရင်း ပျော်ပျော်ပါးပါး ပြောနိုင်မယ့် အလှည့်ကို ရောက်လာမှာပဲလေ. . .
ပြုံးရိပ်လေးသန်းကာ စိတ်ကူးယဉ်လို့ကောင်းနေစဉ် ဥက္ကာထွန်းက ကျွန်တေ်ာ့ကို ရုတ်တရက်လှမ်းမေးလိုက်သည်။
'အင်း. . .ကျော်စွာ. . မင်းရော ဘယ်တော့ယူမှာလဲ'
ကျွန်တော် တချက်တွေဝေသွားပြီး လက်ထဲမှာကိုင်ထားသော အသားကင်နေသည့်တူကို ဘေးသို့ ခဏချလိုက်သည်။
ဘေးနားမှာရှိနေတဲ့ သက်လျာက ဟင်းချိုဆက်မသောက်ဘဲ မသိမသာ ငြိမ်ပြီး နားထောင်နေပါသည်။
"အမ်း. . . . . နောက် တစ်နှစ် နှစ်နှစ်လောက်နေရင် ယူဖြစ်မယ်ထင်တယ်"
သက်လျာမျက်နှာတစ်ချက်ပျက်သွားသည်ကို ကျွန်တော်တွေ့လိုက်ရသည်။
သက်လျာက တံတွေးမျိုချလိုက်ပြီး သူမ၏ ဖန်ခွက်ထဲမှ လက်ကျန်အအေးကို ကုန်အောင်မော့သောက်လိုက်သည်။
ထို့နောက် သက်လျာက သူ့အရှေ့တည့်တည့်မှာ ထိုင်နေသော စတိုက အောင်မျိုးကျော်ကို လှမ်းစကားပြောပြန်သည်။
'ဘီယာလေး နည်းနည်းလောက် သောက်ချင်လို့ တိုက်ပါလား'
အောင်မျိုးကျော်ကလည်း ခေါင်းငြှိမ့်ပြပြီး သူ့ပုလင်းထဲမှ ဘီယာများကို အိသက်လျာ ခွက်ထဲသို့ ငှဲ့ပေးလိုက်ပါသည်။ ပြီးတော့ သူတို့နှစ်ယောက် စကားတွေ ဆက်ပြောနေကြသည်။
YOU ARE READING
စာမျက်နှာသစ် (Myanmar Unicode + Zaw Gyi)
Romanceကိုယ့်ချစ်သူက ကိုယ့်ကို လက်ထပ်လာမယ့်နေ့ကို စောင့်နေတဲ့သူမ . နှစ်တွေ လတွေသာ ကြာလာပေမယ့် အခုထက်ထိ ခြေချုပ်မမိချင်လို့ လက်မထပ်ချင်သေးတဲ့ ကောင်လေး. . . အချိန်တွေ ကြာလာလေ တဖြည်းဖြည်းဝေးလာလေ ဖြစ်လာရတဲ့ သူတို့ရဲ့ ကံကြမ္မာက ဘယ်လိုအဆုံးသတ်မှာလဲ . Own Creatio...