အပိုင်း (၃၃) ဇာတ်သိမ်းပိုင်း

14.4K 217 31
                                    

၅လခန့် ကြာသော်. . .


ကြယ်ငါးပွင့်ဟိုတယ်ကြီး၏ မင်္ဂလာဆောင် ခန်းမကြီးက 


ရွှေအိုရောင်မီးဆိုင်းများ

ဖြူနီဝါ ပန်းရောင် စသည်ဖြင့် အရောင်အသွေးစုံလင်လှသော လီလီပန်းများ၊

ပိုးဖဲကတီပါ မျိုးစုံချယ်ရံအပ်သော အခင်းအကျင်းများ၊ 

ငွေကြေးမုံရောင် လင်းပြောင်နေသော အိုးခွက်ပန်းကန်ခွက်ယောက်များဖြင့် ကြွယ်ဝခြင်းကို ပို၍လှပစွာ ကြွယ်ဝစေပါသည်။

သတိုးသမီးအလှပြင်ခန်းတွင်လည်း 

အလှခြံရံပေးသူများ . .၊ ရင်ကပ်ပန်းဆင်မြန်းပေးသူ၊ လက်ဝတ်ရတနာ ဆင်မြန်းပေးသူများနှင့် ခြုံပုဝါဝတ်ဆင်ပေးနေကြသူများ ကိုယ်စီကိုယ်စီ အလုပ်ရှုပ်နေကြပါသည်။

မိတ်ကပ်လိမ်းချယ်ပေးသူလေးက သူ၏လက်ချောင်းသွယ်သွယ်လေးများဖြင့် ယုရဲ့ ဆံပင်လေးတွေကို အသာအယာ သပ်ပေးနေရင်း 'ကဲ. . ပြီးပါပြီတော် . .အရမ်းကို လှသွားပါပြီ. . ၊ ကြည့်လိုက်ပါအုံးနော်. .'


မှန်ထဲမှာ မြင်လိုက်ရတာ. .ယုကိုယ့်ကိုကိုယ်တောင် နှစ်ခါပြန်ကြည့်ရတယ်. . ၊ ယုမှ ဟုတ်မှ ဟုတ်ရဲ့လားလို့. . .


မှန်ထဲမှာ ယုက ရုပ်ရှင်မင်းသမီးလေးလိုပဲ. . .

လှလိုက်တာ. .

ဟုတ်တယ်. ။ 

ယုရဲ့ မင်္ဂလာပွဲလေးက သည်လိုပဲ လှလှပပလေးနဲ့ တင့်တင့်တယ်တယ် ဖြစ်သင့်ပါတယ်။ ယုမှရယ်မဟုတ်ဘူးနော်. . 

မိန်းကလေးတိုင်းဟာ ထိုက်ထိုက်တန်တန် မင်္ဂလာပွဲ တစ်ခုနဲ့ တင့်တောင်းတင့်တယ် လက်ထပ်ယူတာကို ခံရသင့်ပါတယ်။

ယုဒီလို အလှပြင်ထားတာကို ဦးငယ်မြင်ရင် ပျော်မယ်ထင်တာပဲ. . .


ထိုစဉ် အခန်းတံခါးကို တစုံတယောက်က ခပ်ကြမ်းကြမ်းဆောင့်ဖွင့်လိုက်သည်။ယုရော ကျန်တဲ့သူအားလုံးရော အခန်းပေါက်ဝဆီသို့ အာရုံရောက်သွားသည်။

စာမျက်နှာသစ် (Myanmar Unicode + Zaw Gyi)Where stories live. Discover now