အပိုင်း (၂၇)

6.1K 101 0
                                    

ကျော်စွာတစ်ယောက် ခရီးကပြန်ရောက်လာပြီးကတည်းက ၁ ပတ်ကျော်ပြီ ယုကိုလုံး၀ မဆက်သွယ်သေးပါ။ 

အခုအိပ်ရာထဲမှာ ဂိမ်းဆော့ရင်း ပျင်းလာပါသည်။

ပြန်လာပြီးတော့လည်း သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ မကြာမကြာ ကလပ်သွားဖြစ်တယ်။ 

ကျောင်းက သူငယ်ချင်းတွေနဲ့ရော အလုပ်က သူငယ်ချင်းတွေနဲ့ရော ဒီတစ်ပတ်ထဲမှာတင် ၃ ခါလောက် သွားလိုက်တာ ဘတ်ဂျက်တော်တော်ထိသွားတယ်. . ။ 

အဲ့ဒါကြောင့် ဒီပိတ်ရက်တော့ ကလပ်ထပ်မသွားနိုင်တော့ဘူး. .။ အိမ်မှာ အောင်းနေရတယ်၊ အိမ်မှာတစ်ယောက်ထဲ အောင်းနေပြန်တော့လည်း ပျင်းစရာကြီး. . ။ အထီးကျန်သလိုပဲ. .

အရင်တုန်းကဆို ပိတ်ရက်တွေ အေးဆေးနား. . ။ 

ယုလာရင်လည်းတွေ့တဲ့ အပတ်တွေ့ဖြစ်တယ်. . ။ မတွေ့ချင်ရင်လည်း သူ့ကို ပတ်ပြေးနေရတာနဲ့တင် အလုပ်တစ်ခုဖြစ်နေတာ။ အခုက ပိတ်ရက်မှာ ဘာအစီအစဉ်မှ မရှိတော့ ဟာလာဟင်းလင်းကြီး. . .

'ထူးတော့ ထူးဆန်းတယ်။ သူဘာဆေးတွေစားပြီးတော့များ ငါ့ကို မခေါ်မပြောဘဲ နေနိုင်နေတာလဲ မသိဘူး။


 ဒါပေမယ့် ထားပါ၊ အဲ့တာပဲ ကောင်းတယ်။ ယုကိုအခုအချိန် သွားခေါ်လိုက်ရင် အရင်ကအတိုင်း ခြေချုပ်မိအုံးမှာ. . .

နည်းနည်းပစ်ထားပြီး သူနောင်တရသလောက်ရှိမှပဲ ပြန်ခေါ်တော့မယ်'

လောလောဆယ်တော့ ကျွန်တော့်ဘဝရဲ့အကောင်အထည်မဖော်လိုက်ရတဲ့ အိမ်မက်ကလေးတွေ လက်တွေ့အကောင်အထည်ဖော်ဖို့ ကြိုးစားလိုက်အုံးမယ်. .။


လိုင်းပေါ်မှာ ဟိုလူ့ကြည့် ဒီလူ့ကြည့်လုပ်နေရင်း. . 

ကျွန်တော် အရင်တုန်းက သဘောကျဖူးခဲ့တဲ့ စော်အလန်း ၂ပွေ ၃ပွေလောက်ကို စကားလေး နည်းနည်းသွားပြောထားလိုက်ပါတယ်။

ဒီလိုစော်လေးတွေကို ရေရှည်မတတ်နိုင်ဘူးဆိုပေမယ့်. .ဘဝမှာ မှတ်ကျောက်တစ်ခုအနေနဲ့ တွဲဖူးတယ်ရှိအောင် တွဲကြည့်လိုက်ချင်တယ်. . ။

စာမျက်နှာသစ် (Myanmar Unicode + Zaw Gyi)Where stories live. Discover now