အပိုင်း (၃၁)

6.1K 127 2
                                    

သူဌေးသမီးနှင့် လက်ထပ်သွားသော သီဟ၏ မင်္ဂလာပွဲကို ကျွန်တော်တစ်ယောက်ထဲ သွားတက်ရပါသည်။


မင်္ဂလာပွဲက ဈေးအကြီးဆုံး ကြယ်ငါးပွင့်ဟိုတယ်ကြီးတွင် တခမ်းတနားကြီး ကျင်းပသည်။ မီးရောင်တွေနှင့် အခင်းအကျင်းတွေက အထည်ကြီးဆန်လှပြီး. .၊ လာတက်သမျှလူတွေကလည်း ပကာသနမျက်နှာဖုံးများကို သူတို့လိမ်းထားတဲ့ မိတ်ကပ်ထူထူကြီးများအတိုင်း အလွှာအထပ်ထပ် ဖုံး၍ ထားကြကုန်၏။


ကျွန်တော်တို့ လူပျိုဝိုင်းက လူသစ်တွေ များလာပါသည်။ 

ဇော်ဝင်းသန်းကလည်း ကိုယ်ဝန်ကြီးနဲ့ သူ့မိန်းမကိုခေါ်လာသည်။ 

နေမျိုးကလည်း စော်အသစ်လေး တစ်ပွေနဲ့ လာတက်သည်။ အရမ်းကြီး မလှပေမယ့် သူ့ပုံလေးနဲ့သူ ကြည့်လို့ကောင်းပါသည်။

ဟုတ်တယ်. . ။ စော်ဆိုတာ သိပ်အလှကြီးဖြစ်နေ သိပ်အကောင်းကြီးဖြစ်နေစရာမလိုဘူး။ တွဲလို့ အဆင်ပြေရင်ပြီးတာပဲကွာ. . ။ 

ငါ့မှာတော့ ဘာကံတွေ ဆိုးနေလဲ မသိပါဘူး. .။ ယုကလည်း ငါ့ကို ရှောင်နေသလိုပဲ. . ။

လင်းမြတ်က ဇော်ဝင်းသန်းတို့ လင်မယားကို သေသေချာချာ နူတ်ဆက်ပြီး စကားတွေပြော နေသည်။ သိပ်မကြာဘူး သူတို့လင်မယား ထပြန်သွားလေသည်။


'ဟာ. . .ဟေ့ရောင်. . ဘာလို့အစောကြီးပြန်မှာလဲ'


ကျွန်တော်က တွေ့တွေ့ချင်းလှမ်းတားရာ၊ လင်းမြတ်က ကျွန်တော့်ကို ကြားထဲက လက်ကာပြလိုက်လေသည်။


"သူ့မိန်းမက ကိုယ်ဝန်ကြီးနဲ့ဆိုတော့ ကြာကြာမထိုင်နိူင်ဘူးတဲ့ ပြန်ချင်ပြီတဲ့. ."


'အဲ့တာပဲ မိန်းမတွေယူပြီးရင် တိုင်တွေအကြီးကြီးပတ်တော့တာ.. '


"မပြောပါနဲ့ကွာ. . .၊ သူများတွေ သူ့မိသားစုလေးနဲ့သူ ချစ်ချစ်ခင်ခင်နဲ့ပျော်နေကြတာ"


'အမယ်. . .မင်းက လေသံက အရင်လိုမဟုတ်ပါလား. .'

စာမျက်နှာသစ် (Myanmar Unicode + Zaw Gyi)Where stories live. Discover now