အပိုင်း (၂၄)

4.6K 113 0
                                    

ယု အာခေါင်တွေ ခြောက်ပြီး ရေအရမ်းဆာနေပြီ။


မနက်မိုးစင်စင်လင်းမှ နိုးလာသည်။ ဘယ်နှနာရီတောင်ထိုးနေပြီလဲ မသိဘူး. .


ရင်သားတစ်ခြမ်းက ပူခြစ်နေသောကြောင့် ယုမျက်လုံးကိုသေချာဖွင့်ကြည့်လိုက်သည်။ 


ဆံပင်တွေ. . 

ယုမေးစေ့အောက်မှာ ဆံပင်တွေ. .

ဘုရားရေ ဒါ ဘယ်သူ့ခေါင်းကြီးလဲ မသိဘူး. .


ယုရင်ဘတ်ထဲမှာ ယောကျ်ားကြီးတစ်ယောက် ဝင်အိပ်နေသည်။


ယုအရမ်းလန့်သွားပြီး. . ယုရင်ဘတ်နှင့်ကပ်အိပ်နေသော သူ့မျက်နှာကို ခွာထုတ်လိုက်သည်။


ဦးငယ်. . .


ယုက အတင်းခွာထုတ်လိုက်သောကြောင့် ဦးငယ်က မျက်မှောင်ကြုံ့ပြီး အတင်းပြန်ဆွဲဖက်သည်။ လူကတော့. . အိပ်ရာက မနိူးသေး. . ။


သူလည်း တော်တော်သောက်ထားပုံရသည်။ မျက်နှာက နီရဲပြီး ပူနေတာ. . အရက်နံ့တွေလည်း ဟောင်လို့. . ယု အရမ်းလန့်သွားပြီး ခြေဖျားလက်ဖျားတွေပင် ချက်ချင်းအေးစက်လာသည်။


မနေ့က ဘာတွေဖြစ်သွားကြတာလဲ. . ။ 

မျက်လုံးများ ပြူးကျယ်လာသည်အထိ အစွမ်းကုန် စဉ်းစားမိပြန်သည်။

ဤသို့နှင့် သူမရဲ့ခေါင်းထဲမှာ မနေ့က ပုံရိပ်တွေ ပြန်ဝင်လာလေသည်။


- - -


ဘားဆိုင်ထဲတွင် ထိုင်နေရင်း ဝီစကီ ပုလင်း တဝက်အကျိုးမှာ ဥက္ကာရဲ့ wall ထဲက ကျော်စွာနဲ့ ဟိုမိန်းမ တွဲကနေတာပါတဲ့ဓါတ်ပုံအောက်ကို သွားပြီး comment သွားရေးနေမိသည်။


ဆဲတဲ့စာတွေ မန့်မလို့ ရေးနေတာ. .


Click နှိပ့်လိုက်ရင် မန့်ပြီးသား ဖြစ်သွားမည်. .


စာမျက်နှာသစ် (Myanmar Unicode + Zaw Gyi)Where stories live. Discover now