အပိုင်း (၃၂)

6.4K 137 2
                                    

သေစမ်း. . . အပြင်မှာ ကျော်စွာ ရောက်နေပြီ. . ။ ယုဘယ်လိုလုပ်ရမလဲ။ 

မဖွင့်လို့လဲ မဖြစ်ဘူး၊ ဘေးအိမ်တွေက အရမ်းစပ်စုတာ. . ။

ကျော်စွာ အဲလို အသံကျယ်ကြီးနဲ့ တံခါးတွေခေါက်နေတာ ကြာရင် ထွက်ကြည့်ကြတော့မှာလေ. .


ဦးငယ်က ထိုင်နေရာမှ ယုကို မော့ကြည့်လိုက်သည်။ ဘာလုပ်မှာလဲ ဆိုတဲ့အကြည့်နဲ့ပေါ့. .


ယု ဦးငယ်ကို လက်ကာပြပြီး . . .


'ခဏလေးနော် ဦးငယ်. . ၊ ယုပြန်လာခဲ့မယ်'


ယုလည်း ထမင်းစားခန်းမှ ထွက်ပြီး အိမ်ရှေ့တံခါးဆီသို့ ပြေးသွားလိုက်သည်။ ယုလည်း သူနဲ့ ပြန်မတွေ့ချင်ပါဘူး။ ပြန်တွေ့ပြီး ဘာတွေဖြစ်လာမလဲဆိုတာကိုလည်း ယုရင်မဆိုင်ရဲဘူး. ။


ယုက တံခါးဘုကို ကိုင်လိုက်စဉ် ဦးငယ်က ယုကို အနောက်က လှမ်းဖက်လိုက်သည်။


"ယု မသွားပါနဲ့. . . ။ ကျွန်တော် သူ့ကိုထွက်တွေ့လိုက်မယ်လေ"


ယု ခေတ္တငြိမ်သက်သွားသည်။


မဟုတ်သေးဘူး။ ဦးငယ်နဲ့ ဖြေရှင်းတာ အဖြေမဟုတ်ဘူး။ ယု ကျော်စွာ့အကြောင်း ကောင်းကောင်းသိတယ်. .။ 

သူက ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး. ။ သူ့စိတ်ထဲမှာ ယုက သူ့ရဲ့ ငယ်နိုင်လိုပဲ။ သူဆောင့်ဆွဲပြီး ခေါ်လိုက်တာနဲ့ ပါလာမယ့်မိန်းမလို့ ထင်နေတာ. . .

ဦးငယ်နဲ့ ဒီနေ့တွေ့လိုက်ရလို့ သူပြန်သွားလည်း နောက်နေ့ပြန်လာမှာပဲ. .သူ့ရည်ရွယ်ချက်က ယုနဲ့ ပြန်တွေ့လိုက်ရင် အရာရာအားလုံး ပြေလည်သွားမယ်လို့ ထင်နေမှာ. .


အဲ့တော့ အခုရှုပ်မှ နောင်ရှင်း. . . ယု ဒီကိစ္စကို ဒီမှာတင်ပြီးအောင်ဖြတ်ရမယ်။


'ဦးငယ် . ယု ကိုယ့်စိတ်ကိုကိုယ် ပြတ်ပြတ်သားသားဖြစ်ချင်တယ်. . ၊ ယု ကိုယ့်ဇာတ်ကိုယ် နိုင်အောင်ကမယ်. .။ ယုရဲ့ ဆုံးဖြတ်ချက်ကို လေးစားပေးပါ. .။ အခုလို ရှောင်ပြေးနေရင် ပိုကြာလိမ့်မယ်'

စာမျက်နှာသစ် (Myanmar Unicode + Zaw Gyi)Where stories live. Discover now