အပိုင်း (၇)

4.2K 128 0
                                    

နောက်နေ့တွေမှာ ယု ဂျုတီရှိရှိ မရှိရှိ ဦးငယ်က ထိုအမျိုးသမီးကို မနက်တိုင်း လာခေါ်ပါသည်။ 

လာတိုင်းလည်း ဦးငယ်က ယုကိုလာနူတ်ဆက်ပါသည်။ 

ယုက ဦးငယ်ကိုတွေ့လျှင် မျက်နှာပူတာနဲ့ နူတ်ဆက်ကာ အလုပ်ရှုပ်ချင်ယောင်ဆောင်ပြီး ထွက်ထွက်လာခဲ့လိုက်မိသည်။

- - -


အဲလိုနှင့် ၃ ရက်မြောက်နေ့မှာ ယု night duty ဆင်းရတဲ့ အလှည့်ရောက်လာပါသည်။ 

အဲ့နေ့ညနေမှာ ဂျုတီစဝင်ကတည်းက check-in ဧည့်သည်တွေအများကြီးနဲ့ အလုပ်တွေရှုပ်နေတာ 

ည ၉နာရီမှ အကုန်ရှင်းသွားတော့တယ်။

ည ၉နာရီ ခွဲလောက်မှာ 

မထင်မှတ်ဘဲ ဦးငယ်လာလာခေါ်နေကျ ဟိုအမျိုးသမီးက အခြားဂျပန်အမျိုးသား တစ်ယောက်နှင့်အတူ တွဲဖက်ပြီး ဟိုတယ်ထဲသို့ ဝင်လာတာကို ယုတွေ့လိုက်ရတယ်။ 

ယုတို့ ဟိုတယ်ပေါ်လစီအရ တစ်ယောက်တည်းတည်း နှစ်ယောက်တည်းတည်း အခန်းခ အတူတူပဲ ဖြစ်တာကြောင့် လူပိုခေါ်ခွင့်ရှိပြီး ဧည့်သည်ကို ဘာမှဝင်စွက်ဖက်ခွင့် မရှိပါဘူး။ 

မနက်စာအတွက်သာ extra charge ထပ်ကောက်ခံလို့ရပါတယ်။ ဒါကလည်း အဲဒီ့သူက မနက်စာ ဝင်စားမှ ကောက်ရမှာ ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ကို ကြည့်ရတာ တကယ့်သမီးရည်းစားတွေလိုပဲ၊ 

အဲ့လူက ဟိုမိန်းမရဲ့ ခါးကိုဖက်ပြီး ဝင်လာတယ်။ နှစ်ယောက်စလုံး အရက်သောက်စားထားပုံရတယ်။ ဂျပန်လိုတွေ အချင်းချင်းပြောဆိုနေကြတာ။ 

ထိုအမျိုးသမီးက ယုကြည့်နေတာကို သတိထားမိပုံမပေါ်၊ သူတို့နှစ်ယောက် ပွေ့ဖက်ရင်း လမ်းလျှောက်သွားတာကို ကြည့်ပြီး 

ယုရုတ်တရက် ဦးငယ်အတွက် စိတ်မကောင်းဖြစ်မိပါရော။

(သြော် နိုင်ငံခြားသူတွေဆိုတာကလည်း မယုံရပါဘူး။ 

ကိုနဲ့ အခြားမိန်းကလေးတစ်ယောက်နဲ့သာဆို ယုတွေးတောင် မတွေးရဲဘူး။ 

ယုကွယ်ရာမှာ ဒီလိုတွေ ဖောက်ပြန်နေလို့ကတော့ 

အိုး. .ဘုရား ဘုရား)

စာမျက်နှာသစ် (Myanmar Unicode + Zaw Gyi)Where stories live. Discover now