အပိုင်း (၂၈)

5.7K 109 1
                                    

ဒီလိုနဲ့ ကျွန်တော်နှင့် သက်လျာ ရုံးဆင်းတော့ ဘားတစ်ခုမှာ တွေ့ဖြစ်ကြတယ်. . ။


အပြင်မှာ နှစ်ယောက်ထဲသာ သပ်သပ်ချိန်းတာပါ. . ။ 


တိုင်ပင်စရာ စကားတွေက မယ်မယ်ရရ မရှိပါဘူး။ ဒီကုမ္ပဏီမှာပဲ ရာထူးတိုးထဲပါအောင် သင်တန်းတွေထပ်တက်ပြီး စောင့်ရင်ကောင်းမလား။ နောက်အလုပ်အသစ်တစ်ခုကို ရာထူးအမြင့်နဲ့ သွားလျှောက်လိုက်ရင်ကောင်းမလား အဲဒါမျိုး တိုင်ပင်နေကြတာ. . .

ကျွန်တော်တို့ နှစ်ယောက်ထိုင်စကားပြောနေစဉ် နေမျိုးရောက်လာသည်။ 

ကျွန်တော်နဲ့ သက်လျာက အလုပ်ထဲက လူတွေအကြောင်း ပြောလိုက် ရယ်လိုက် လုပ်နေတော့ သူ့ကိုမတွေ့

"ဟာ. . ကျော်စွာ. .ဟေ့ရောင်"


'အေး. . သားရီး ဘာလဲ'


ကျွန်တော့်ဘေးမှာထိုင်နေတဲ့ သက်လျာကို မျက်လုံးဖြင့်လှမ်းထောက်ပြရင်း


"အယ်. . ငါက ဒီမှာ ဝယ်စရာရှိလို့ လာတာ. . မင်းကိုငါကမေးရမှာ"


ကျွန်တော် အဲ့မှာ ဘာဖြေရမှန်းမသိဘူး ဖြစ်သွားသည်။ ကျွန်တော်ကျောင်းတုန်းက သူငယ်ချင်းတွေက ကျွန်တော့်ကို ယုနဲ့ပဲ အကုန်သိထားတာ. . ပြီးတော့ ကျွန်တော်နဲ့ ယုနဲ့က မပြီးသေးဘူး။ အကယ်၍များသာ ယုနဲ့ ကျွန်တော်ပြန်တွဲဖြစ်သွားတယ်ဆိုရင် ဒီမှာ သက်လျာနဲ့ ဒီလိုဒိတ်နေတာကြီးက မကောင်းဘူးဖြစ်သွားမယ်. .သူတို့က ယုကို ဘယ်တော့မှ ပြန်ပြောကြမှာ မဟုတ်ပေမယ့် သူတို့အမြင်မှာ ကျွန်တော်မကောင်းဘူး ဖြစ်သွားမယ်လေ. .


ဒါပေမယ့် သက်လျာနဲ့ ကျွန်တော်ရဲ့ ဆက်ဆံရေးကိုလည်း သာမာန်လို့ မထင်စေချင်ပြန်ဘူး။ ခပ်ဟော့ဟော့ချာတိတ်မလေးတွေနဲ့လည်း ကြည်တာပဲလို့ အထင်ကြီးစေချင်ပြန်ရော

'သြော်. . သူက ရုံးကပါ'


အဲလိုပဲ မရှင်းမရှင်းပြောလိုက်ရတယ်။ စကားသေချာရွေးတတ်ဖို့လည်း လိုတယ်လေ။ သူနဲ့ကျွန်တော်နဲ့ ရှေ့ဆက်ပြီးအကြောင်းဖန်သွားပြန်ရင်လည်း ရုံးကပါ ဆိုတဲ့ စကားက မမှားဘူး။ 

စာမျက်နှာသစ် (Myanmar Unicode + Zaw Gyi)Where stories live. Discover now