အပိုင်း (၂၉)

5.9K 115 2
                                    

ဒီနေ့တော့ ယု ရဲ့ ညဂျုတီပြီးပြီ. .

တညလုံး ညဆိုင်းဆင်းပြီး အိမ်ပြန်ရတော့မှာမို့ လူကလည်း အိပ်ချင်မူးတူးနှင့်

အပြင်တံခါးက ထွက်လိုက်သည်နှင့် နေက အတော်ပူနေပြီ

ဒီနေ့ အလုပ်ဆင်းလာတာနောက်ကျလို့ ထင်တယ်. .

ဘယ်ချိန်ရှိနေပြီလည်း မသိဘူး

ဟိုတယ်အပေါက်ဝမှာ ပိုက်ဆံအိတ်လွယ် ဖုန်းကိုထုတ်ကြည့်တော့ ဂျွန်နသန်က


'အမ. . . ဖုန်းအသစ်လဲလိုက်တာလား. . .။'

ယုက ခေါင်းညှိမ့်ပြလိုက်တာနဲ့ ချက်ချင်းကို ပြောပြောဆိုဆိုနှင့် ယုရဲ့ ဖုန်းကို သူက ယူကြည့်လေသည်။


'အံမယ်. . ဒါနောက်ဆုံးမော်ဒယ်ပဲ၊ မိုက်တယ် အမရာ၊ အားကျတယ် . . အမက ဘောစိပဲ. . ။'


ယုလည်း ခေါင်းတညှိမ့်ညှိမ့်ဖြင့် ဖုန်းပြန်ယူလိုက်ပါသည်။ ဖုန်းလေးကို လက်နဲ့ ပွတ်ရင်း ပြန်တွေးမိသည်။တကယ်တော့ ဒီဖုန်းလေးက ယုပိုက်ဆံနဲ့ ယု ဝယ်ထားတာ မဟုတ်ပါဘူး။


လွန်ခဲ့တဲ့ နှစ်ရက်ကပေါ့. . .


ယုရန်ကုန်ပြန်ရောက်ပြီး နောက်တစ်ရက်မှာ ဦးငယ်က ဖုန်းဆက်လာပါတယ်။ 


ယုကလည်း ဂျုတီချိန်မို့ ဖုန်းမကိုင်မိဘူး။ အိမ်ပြန်တော့မှ ကြည့်ကြည့်တော့ ဦးငယ်ဖုန်းက ၈ ခါတောင် ခေါ်ထားတယ်။ ဘာဖြစ်လို့လဲ မသိဘူး။ 

သူ ယုကို အပြီးမဆက်သွယ်တော့ဘူးတောင် မှတ်နေတာ. .

'ဟယ်လို. . .ဦးငယ် ယုကို ဖုန်းခေါ်ထားတာတွေ့လို့. .'


"သြော် ဟုတ်တယ်. . ယု ဟိုနေ့က ပြန်သွားတာ ကျွန်တော် သိတောင် မသိလိုက်ရဘူး ဒီမနက်ကျွန်တော် လာရှာသေးတယ်. . ယုပြန်သွားပြီဆိုလို့ အဲ့တော့မှ ဖုန်းဆက်လိုက်တာ. . "


'ဟုတ်လား. . .ယုလည်း ဦးငယ်တို့ အလုပ်တွေ အရမ်းရှုပ်နေကြမယ်ထင်လို့ မနှောက်ယှက်တော့တာ'

စာမျက်နှာသစ် (Myanmar Unicode + Zaw Gyi)Where stories live. Discover now