အပိုင်း (၂၁)

3.8K 113 0
                                    

သည်လိုနဲ့ ဦးငယ်တို့ဆီကို ယုရောက်ခဲ့လေသည်ပေါ့. .


မနှင်းပေးထားတဲ့ လိပ်စာအတိုင်း လာခဲ့တာ။ အိမ်ကတော့ အိမ်ကြီးရခိုင်ပဲ. .။ 

အနေအထားကို ကြည့်လိုက်တာနဲ့ မနှင်းတို့ ဦးငယ်တို့နဲ့ ယုနဲ့က အဝေးကြီး ကွာခြားနေတယ်လို့ ယုသိလိုက်ပါတယ်.။

ခြံအကျယ်ကြီးနဲ့ အထဲမှာ ကားတွေ အများကြီး ရောက်နေတယ်. . ရက်လည်ဆွမ်းကို လာကြတဲ့ ဧည့်သည်တွေ နေမယ်. .။


အိမ်ရှေ့ရောက်ပြီလို့ ဖုန်းဆက်လိုက်တာနဲ့ မနှင်းက ယုကိုထွက်ကြိုပေးတာပဲ။


"ယု လာလာ ဒီမှာလာထိုင်. . သန်းကြည်ရေ. . ဒီမှာ တစ်ယောက်စာ ထပ်ပြင်ပေးပါအုံး. ."


မနှင်းက မုန့်ဟင်းခါးနဲ့အတူ အကြော်တွေ အလိုက်တွေ ကူချပေးရင်း


"ယု ဘာမှအားမနာနဲ့နော် ထည့်သာစား. ."


'မနှင်း ရတယ်. . .ယုကို ဧည့်သည်လို မဆက်ဆံပါနဲ့.. . ယုဘာကူလုပ်ပေးရမလဲ ပြော'


"ဟာ. . မလိုပါဘူး။ ဒီမှာ အကူတွေ အပြည့်ခေါ်ထားတယ်. . လူရှိပြီးသားပါ ယုရေ. .။ ဆရာတော်တွေကလည်း မနက်ထဲက ပြန်ကြွသွားပြီဆိုတော့ လူဝိုင်းတွေပဲ ကျန်တော့တာမို့ ဘာမှ သိပ်မပူရတော့ပါဘူး"


'ဟုတ် မနှင်း'


"ဒါနဲ့ ဆံပင်ညှပ်လိုက်တာ ပိုလိုက်တယ်နော် ယု. .ပိုငယ်သွားသလိုပဲ"


'ဟုတ်မနှင်း ကျေးဇူးပါ. . '


အိမ်ထဲမှာ ဧည့်ခန်းကြီးက အကျယ်ကြီးပါ. . ။ အတွင်းမှာလည်း အတွင်းဧည့်ခန်းရှိသေးသည်။ 

သေချာမမြင်ရပေမယ့် မှန်တွေကြားထဲကနေ အတွင်းဧည့်ခန်းထဲမှာ လူတွေ အများကြီး ရှိသေးတာ ယုတွေ့ရပါတယ်။ 

အမျိုးတွေ မိသားစုဝင်တွေ အရေးကြီးတဲ့ ဧည့်သည်တွေ အထဲထဲမှာ စုနေတာဖြစ်မယ်. .

စာမျက်နှာသစ် (Myanmar Unicode + Zaw Gyi)Where stories live. Discover now