အပိုင်း (၁၉)

3.6K 100 0
                                    

ဒါပေမယ့် သိပ်မကြာပါဘူး။ 

ထမင်းစားလို့လည်းပြီးရော . .သက်လျာက ကျွန်တော့်ကို အဲ့ဒီ့စားသောက်ဆိုင်နားက ရေတံခွန်သေးသေးလေးနားမှာ ဓါတ်ပုံရိုက်ချင်လို့ဆိုပြီး ဓါတ်ပုံရိုက်ခိုင်းတယ်။

ကျွန်တော်ကလည်း ဓါတ်ပုံရိုက်ပေးပါတယ်။ 

ကျွန်တော့် ဘေးနားကို အဲလက်စ်ကလာပြီး သက်လျာရဲ့ ဓါတ်ပုံကို ထိုင်ရိုက်လိုက်တယ်။

ကျွန်တော်စိတ်တိုသွားတာပေါ့. .။


'ဟေ့ရောင် ဘာလုပ်တာလဲ'


အဲလက်စ်က ကျွန်တော့်ကို ဘာမှပြန်မဖြေပဲ ပြုံးပြုံးလေးနဲ့ သက်လျာကို ဖုန်းထိုးပေးလိုက်တယ်။ သက်လျာက ပြုံးသွားပြီး


"ဟယ် . . ကိုအဲလက်စ် ဖုန်းကင်မရာက ကောင်းလိုက်တာ. .ဘာမော်ဒယ်လဲ"


ကျွန်တော် စိတ်မရှည်သော လေသံဖြင့်. .


"အကို့ဟာလဲ အတူတူပဲလေ. .နောက်ဆုံးမော်ဒယ် ဝယ်ထားတာပဲ" ပြောပြောဆိုဆိုနှင့် ကျွန်တော့် ဖုန်းရဲ့ နောက်ကျောကို လှန်ပြလိုက်သည်။


'ကင်မရာကောင်းတာထက် ရိုက်ပေးတဲ့လူက angle ယူတပ်ဖို့လိုသေးတယ် သက်လျာရဲ့' 

အဲလက်စ်က သက်လျာကို ပြုံးပြုံးကြီး စိုက်ကြည့်ကာ ပြောလေသည်။

သက်လျာက မီးဆိုင်းတွေအောက်ကို လက်ညှိုးထိုးပြပြီး. .


"ကိုအဲလက်စ် အဲ့တာဆို ညီမကို ဟိုအောက်မှာ ထပ်ရိုက်ပေးအုံး"


ကျွန်တော် ဘာမှ ပြောချိန်မရလိုက်ခင်မှာပဲ သူတို့နှစ်ယောက် မီးဆိုင်းတွေအောက်ကို ရောက်သွားကြသည်။

 သက်လျာဆိုတဲ့ ဟာမလေးကလည်း ဓါတ်ပုံကောင်းကောင်းရိုက်ပေးမယ့် ကောင်နဲ့ တွေ့တာနဲ့ အမြှီးလေးနံှ့ပြီးတော့ကို ပြေးသွားတာ. .

ဟိုအကောင်ကြီးကလည်း ယောကျာ်းတန်မဲ့ အပြန်အလှန်ပဲတွေပေးပြီး သူ့ဓါတ်ပုံကို မိန်းကလေးကို ပြန်ရိုက်ခိုင်းတယ်။ 

စာမျက်နှာသစ် (Myanmar Unicode + Zaw Gyi)Where stories live. Discover now