အပိုင်း (၆)

4.1K 133 0
                                    

နံနက်ခင်းတစ်ခုမှာ


ဟိုတယ်၏ အများသုံးအိမ်သာထဲမှာ ယုတစ်ယောက် မှန်ကြည့်ရင်း ဈေးဝယ်စင်တာမှ အသစ် ဝယ်လာခဲ့သော နူတ်ခမ်းနီ ပန်းနုရောင်လေးကို စမ်း၍ဆိုးကြည့်လိုက်သည်။ 


ထို့နောက် ယု အလုပ်လုပ်ရာ Reception ကောင်တာဆီသို့ ပြန်လျှောက်လာလိုက်သည်။

ရုတ်တရက် reception မှာ မနှင်း၏ ဦးလေးကို အဝေးကနေ လှမ်းတွေ့လိုက်မိသည်။ ဦးငယ်ကယုရဲ့ တပည့်လေး Jeremy ထံတွင် တစ်ခုခုစုံစမ်းနေဟန်ရှိသည်။ 

ယုလည်း ရုတ်တရက် တွေဝေသွားပြီး သူမမြင်အောင် ဘေးနံရံတစ်ခုနောက်သို့ အလိုလို ဝင်ပုန်းလိုက်မိလေသည်။

(ထင်တဲ့အတိုင်းပဲ. . . ယောကျ်ားတွေက . . ။ သြော်ဟိုနေ့ကတော့ မနှင်းရှေ့မှာ မခုတ်တတ်တဲ့ ကြောင်လို ဟန်ဆောင်ကောင်းနေပြီးတော့။ နောက်နှစ်ရက်လောက်ကြာတော့ ငါ့အလုပ်အထိတောင် လာရှာနေပါရောလား။ အေးပေါ့ မနှင်းက ငါဒီဟိုတယ်မှာ လုပ်တယ်လို့ ပြောလိုက်မိတာကိုး။)


ယု နူတ်ခမ်းကို မသိမသာကိုက်ပြီး ခေါင်းထဲမှာ အကြံတစ်ခု လက်ခနဲပေါ်လာမိသည်။


(ခါတိုင်းဆို ယုကို ဒီလို အမျိုးသားတစ်ယောက် ချည်းကပ်လာပြီဆို ယုက ခါးခါးသီးသီးငြင်းလွှတ် နေကျ . ။ အဲ့တုန်းက ကိုမှကို ဖြစ်နေတာလေ. . ။ အခုတော့ ကို့ကို သဝန်တိုအောင်လုပ်ဖို့ လိုအပ်လာပြီ။ ယုကိုအာရုံမစိုက်တဲ့ကို့ကို နည်းနည်းစိတ်ပူတတ်လာအောင်တော့ ပြန်လုပ်ရမယ်. .)


နံရံအနောက်မှ ပြန်ထွက်လာတော့ ကောင်တာမှာ ဦးငယ်ကိုမတွေ့တော့ချေ။ 

အဲဒါမှ ဒုက္ခ . .

ငါ့ကိုမတွေ့လို့ ပြန်သွားပြီလား မသိဘူး။ 

ကောင်တာကို အမြန်ပြေးသွားပြီး Jeremy ကိုလှမ်းမေးလိုက်သည်။

'မောင်လေး စောစောက ဧည့်သည် ဘယ်ရောက်သွားလဲ'


"Lobby ထဲမှာ ထိုင်နေတယ်အမ"


စာမျက်နှာသစ် (Myanmar Unicode + Zaw Gyi)Where stories live. Discover now