အပိုင်း (၂၅) - Warning

12.5K 117 2
                                    

ယုလည်း ဖိနပ်ချွတ်ပြီး ကုတင်ခြေရင်းမှာ ငုတ်တုတ်ထိုင်ချလိုက်တယ်။ ဦးငယ်ကို လက်မြှောက်သွားပြီ. . ။ တူတူဆက်သောက်ကြတာပေါ့. .


ဦးငယ်က ရေခဲသေတ္တာထဲမှ ရေသန့်ဘူးတစ်ဘူး သွားယူပေးပြီး. .


"ရော့. .. ဒါပဲရမယ်. .။ ခုနက အန်ထားတာ ရေလေးဘာလေး သောက်လိုက်အုံး။ ကျွန်တော် ဖိနပ် ခဏဆေးလိုက်အုံးမယ်. .။"


ဦးငယ် ရေချိုးခန်းထဲဝင်သွားစဉ် ယုက ဖန်ခွက်လေး နှစ်ခွက်ကိုချ. . ရေခဲသေတ္တာထဲက ဘီယာဗူးလေးတွေ ထုတ်ပြီး ဝီစကီနှင့်စပ်လိုက်သည်။

ဦးငယ်ပြန်ထွက်လာတော့ သူ့ရဲ့ အကျီကိုပါ ချွတ်လျက်. .။ အဝတ်တန်းမှာလှမ်းလိုက်သည်။

ဟုတ်သားပဲ အကျီလည်း နည်းနည်း ပေသွားတာကိုး. .

ဦးငယ်က ယုဘေးမှာ လိုက်ထိုင်ချလိုက်သည်။ အဲ့တော့မှ ဦးငယ်လည်း နည်းနည်းချင်း စသောက်ဖြစ်တာပါ. .။

သူ့ရဲ့ ဝမ်းဗိုက်နဲ့ ရင်ဘတ်မှာ အမွှေးအမျှင်များက အသည်းယားစရာ. . .။ 

ဗိုက်က ကြွက်သားတွေရဲ့အလှကို အဲ့ဒီ့အမွှေးတွေက ဖျက်နေတာ. . နူတ်ခမ်းမွှေးကလည်း မရိတ်တာ ၂ ပတ်ကျော်ပြီထင်သည်။ နူတ်ခမ်းနား မေးစေ့နားလေးတွေက စိမ်းလို့. .

'ဦးငယ်က Muscle တွေ ကစားထားတာလား. .'


ယုလေ. .ပါးစပ်က စည်းကမ်းမရှိတော့တာ ကိုယ့်ဘာကိုယ် သိနေသည်။ ဒါပေမယ့် ထိန်းလို့ မရတော့ဘူး. .


"အင်း. . မကြာခဏတော့ ဆော့ဖြစ်ပါတယ်"


'အဲလိုမျိုး Gym တွေဆော့၊ အလှတွေပြပြီး၊ မနှင်းပြောသလို အသားကုန်ရှုပ်ခဲ့ပွေခဲ့တာပေါ့လေ.. .'


"ဟာ. . မဟုတ်ပါဘူးဆို"


'ဟုတ်ပါတယ်. . .သူပြောတာက . . .'


ထိုသို့ အစချီကာ . . မနှင်းပြောခဲ့တဲ့ အကြောင်းတွေ ဇာတ်စုံခင်းဖြစ်ပါတော့သည်။ ဦးငယ်က ယုကို ပြန်မရှင်းနိုင်. . ။ ခေါင်းတခါခါဖြင့် သောက်လိုက် ရယ်လိုက်သာ လုပ်နေနိုင်သည်။

စာမျက်နှာသစ် (Myanmar Unicode + Zaw Gyi)Место, где живут истории. Откройте их для себя