အပိုင်း (၁၇)

3.6K 99 0
                                    

ဘန်ကောက်ကို သွားမယ့်မနက် 

လေဆိပ်ရောက်တော့မှ အိသက်လျာနဲ့ နောက်အမကြီး ၁ ယောက်က အတင်းပါလာတယ်။ 

ကျွန်တော်လည်း တကယ် လေဆိပ်ရောက်မှသိတာပါ။

'ဟာ . . အိသက်လျာ. . ညည်းတို့ ဘာလာလုပ်တာလဲ'


"ဟယ်. . သူတို့တွေချည်းပဲ ကြိတ်ပြီးခရီးထွက်ကြလို့ ဘယ်ရမလဲ။ သက်လျာတို့လည်း လိုက်ကဲမှာပေါ့။ အဲ့တာကြောင့် ဂျာကြီးကို အတင်းပူဆာပြီးလိုက်လာတာလေ"


အိသက်လျာ. . အိသက်လျာ. . 

ညည်းကအလကား သက်သက်လာရှုပ်တာပဲ။ ငါ့မှာတော့ သူငယ်ချင်းတွေနဲ့ အေးအေးဆေးဆေးသွားချင်လို့ စော်နဲ့တောင် အပြတ်ခံပြီး ခရီးထွက်လာတာကို၊ 

ပြီးတော့ မိန်းကလေးဆိုလို့ ဒီခရီးမှာ ညည်းတစ်ယောက်ပဲ ကောင်းကောင်းကန်းကန်း ပါလာတာ။ 

ဟိုတောသူ အမကြီးကို ဘယ်ကောင်မှ မိန်းမလို့မမြင်ဘူး။ 

ညည်း သက်သက်.. လာရှင်ထွက်လာမှန်း ဒီကကောင်တွေ အကုန်လုံးက ရိပ်မိတာပေါ့။

အိသက်လျာက ထုံးစံအတိုင်း အလန်းတွေ ဝတ်လာပါတယ်။ အားလုံးကလည်း သူ့ပဲ ကွက်ကြည့် ကွက်ကြည့်လုပ်နေတာ။ မလုံတလုံလေးဝတ်ပြီး အနေအထိုင်က မတတ်။ သူတစ်ယောက်ထဲ မိန်းကလေးတန်မဲ့နဲ့ လိုက်လာရင်လည်း အတူတူတည်းခိုစရာ အဖော်က မရှိလို့ ဟိုစာရင်းကိုင် အမကြီးကို ညာခေါ်လာမှန်း သိပါတယ်။


ဟိုအမကြီးကတော့ တကယ်ကြီး နိုင်ငံခြားမရောက်ဘူးလို့ အတင်းလိုက်ချင်လို့ လိုက်လာတာမှန်း အားလုံးကသိကြပါတယ်။ 

သူ့နာမည်က မရင်ရင်မေ. .၊ လူက နည်းနည်း ၀၀ပြည့်ပြည့်၊ အသက်က ကျွန်တော့်ထက် ၃-၄ နှစ်လောက်တော့ ကြီးမယ်။ ထန်းတပင်သူ အပျိုကြီးပါ။ 

ဒီလိုနိုင်ငံခြား ခရီးထွက်လာတာကို သနပ်ခါးရည်ကျဲလိမ်း၊ လက်မှာလည်း ရွှေလက်ကောက်တွေ ဝတ်ပြီး. .၊ အကျီဘလောက်ခါးရှည်နဲ့ စကဒ်ရှည်ကြီးဝတ်လို့. .။

. . .


လေယာဉ်ပေါ်မှာလည်း အိသက်လျာတို့နှစ်ယောက်နဲ့ ကျွန်တော်နဲ့ ထိုင်ခုံက ၃ တန်းကွာပါတယ်။ ဒါပေမယ့် တလမ်းလုံး သူ့ရဲ့အသံက ၃တန်းမြောက်ကနေတောင် ကြားနေရတယ်။ 

စာမျက်နှာသစ် (Myanmar Unicode + Zaw Gyi)Where stories live. Discover now