အပိုင်း (၁၅)

4K 100 0
                                    

ဒီညလည်း ယု အလုပ်မသွားနိူင်တော့ပါ. .။ 

ကြာရင် အထက်လူကြီး ငြိုငြင်လို့ အလုပ်ပြုတ်တော့မလား မသိဘူး။

ယုမျက်နှာတွေလည်း ငိုထားတာ စုတ်ပြတ်နေပြီ. . ။ 

အိမ်ပြန်ရောက်တော့ ယုမျက်နှာမကောင်းတာ မာမီရိပ်မိသွားတယ်။ ဒါပေမယ့် ဘာမှတော့ ဝင်မပြောရှာပါဘူး။

အခန်းထဲမှာ အဝတ်အစားလဲပြီး ကော်ဖီပူပူလေး တစ်ခွက်ဖျော်ကာ သောက်ရင်း ဖုန်းထိုင်သုံးမိနေပါတယ်။ ယုစိတ်တွေ ဂဏှာမငြိမ်ဘူးဖြစ်နေတာလေ. . ၊


နားမလည်နိုင်ဘူး ကို. .ဒီနေ့ ကိုက ယုကို ဘာလို့ ဒေါသတွေ အဲ့လောက်ထွက်နေရတာလဲ. .။ တကယ်ဆို စိတ်ဆိုးရမယ့် လူက ယုလေ. .။ 

ဘာလို့ယုက စိတ်ပျက်ဖို့ ကောင်းရတာလဲ. . ။ ယု ဘာများမှားသွားလို့လဲ. . ။ 

ခေါင်းကို dryer မမှုတ်ဘူးပြောတဲ့ ကိစ္စမှာ ယုလွန်သွားလို့လား. .။

ပြီးတော့ ကို. . သူ့အလုပ်ထဲမှာများ အဆင်မပြေခဲ့တာတွေ ရှိနေလို့လား. .။


ယုက အလိုက်ကမ်းဆိုး မသိဘဲ ဖြစ်သွားတာလား ..။


ယု စိတ်တွေ ရှုပ်လာလို့ post တွေ တစ်ခုပြီး တစ်ခု share နေမိတယ်။ စုံနေတာပဲ. .


- တစ်ယောက်ထဲ နေတာ ကောင်းတယ်ဆိုတဲ့ စာတွေ- မိန်းကလေးတစ်ယောက် အနေနဲ့ တသက်မှာ တခါ စွန့်စားပြီး လုပ်သင့်တဲ့ အချက် ၁၀ ချက်။- အတွင်းစိတ်ချမ်းသာဖို့ နေထိုင်ကျင့်ကြံရမည့် နည်းလမ်းကောင်းများစသည်ဖြင့် . .စသည်ဖြင့် post တွေ share နေမိတယ်။


ပြီးတော့ မနှင်းကို သတိရသွားလို့ မနှင်းဆီကို ဖုန်းဆက်လိုက်တယ်။


'ဟယ်လို. . မနှင်းလား'


"အေး. . ယု မတွေ့တာကြာပြီနော် ဘယ်နေ့ gym ကိုလာအုံးမှာလဲ"


'ဟုတ်မနှင်း အဂါၤနေ့ လာခဲ့မယ်လေ. . တွေ့ကြတာပေါ့'


စာမျက်နှာသစ် (Myanmar Unicode + Zaw Gyi)Where stories live. Discover now