အပိုင်း (၃၀)

5.9K 121 0
                                    

ရှေ့အပတ်ထဲ ယုမွေးနေ့ရှိသည်၊ ဦးငယ်ကလည်း ရန်ကုန်ဆင်းလာမယ်ပြောသည်။


ဦးငယ်က တောသားကြီပါကွာ. . မွေးနေ့ကို Surprise မလုပ်ဘူး။ 


ယုကို ပေးဖို့ မွေးနေ့လက်ဆောင်တွေ သူဝယ်နေတာကို ဖုန်းဆက်ပြီး တစ်ခုချင်းစီရွေးခိုင်းနေတာ. . .။ တစ်ခါတစ်ခါ အားမရရင် ဗီဒီယိုကော ခေါ်ပြီး ပြသေးတာ. . .

ဒါပေမယ့် အဲလိုမျိုး ကွေ့ပတ် ဝေ့ဝါးတာတွေ မလုပ်တတ်ဘဲ. . ။ 

ဒဲ့ဆို ဒဲ့အတိုင်း စိတ်ရှင်းရှင်းနေတတ်တဲ့ ယောကျ်ားမျိုးကို ယုအရမ်း သဘောကျမိနေတယ်။

ဒီပုံအတိုင်းဆို ဒီတစ်ခေါက် ယုမွေးနေ့ ဦးငယ်ရန်ကုန်လာတဲ့အခါ အဖြေပြန်ပေးမိတော့မလား မသိဘူး။


ယုလေ. . .အတ္တတွေကြီးမှန်း သိပါတယ်. .။ ဒါပေမယ့် အသက်တွေကြီးလာလို့လား မသိဘူး၊ မရေရာတာတွေကို မကြိုက်တော့ဘူး။ ကိုယ့်အတွက်သေချာတဲ့ အာမခံတစ်ခုပဲ လိုချင်တယ်


ဦးငယ်မှာလည်း ယုမကြိုက်တဲ့ အချက်တွေ အများကြီးရှိတယ်။ အမြင်မတူတာတွေ ရှိတတ်တာပဲလေ. .။

တစ်ခါတစ်ခါ ကပ်စေးအရမ်းနည်းတာမျိုးပေါ့. .

ဥပမာ နာမည်ကြီး branded အိတ်တွေ ဝယ်ရင်တော့ ကုန်ချင်သလောက်ကုန်ပစေ ဆိုပြီး၊ ဆံပင်ညှပ်ဆိုင်မှာ ၁ သိန်းကျော်လောက် ရှင်းရတာကြတော့ ဈေးကြီးလိုက်တာနော်လို့ ပြောလို့မဆုံးတာမျိုးပေါ့. .


အရမ်းထိုင်လို့ ကောင်းတဲ့ ကော်ဖီဆိုင်ကလေးကို သွားပြီး မတန်ပါဘူး ဈေးကြီးတယ် ပြောပြီး၊ မြန်မာထမင်းဆိုင်မှာ ငါးသလောက်ဥကြတော့ သိန်းချီပေးပြီး စားတာမျိုး. . .


နားလည်ရခက်တယ်. .။


ယုလည်း ယုအတွက် တချို့အရာတွေက လိုအပ်တယ်ဆိုတာကို သူ့ကို နားလည်အောင် ပြောရတယ်၊ ညှိ့ယူကြရတာတွေ ရှိတယ်။


ဦးငယ်နဲ့ ဖုန်းတွေ အကြာကြီးပြောပြီးတော့မှ ဖုန်းချလိုက်တော့ ကျော်စွာဆီက missed call တွေ ဝင်ထားတာ တွေ့လိုက်ရသည်။

စာမျက်နှာသစ် (Myanmar Unicode + Zaw Gyi)Where stories live. Discover now