အပိုင်း (၂၂)

3.9K 114 5
                                    

'ပျင်းနေပြီလားယု'


"မပျင်းပါဘူး. .ဦးငယ် ဧည့်သည်တွေကို ဧည့်ခံနေတာ မှတ်လား"


'အင်း. . တော်တော်များများ ပြန်သွားကြပါပြီ. . အိမ်ထဲဝင်လေယု နေမရှိန်ဘူးလား'


"ရပါတယ်. .ဒီမှာ အပင်တွေလိုက်ကြည့်နေတာ. ."


ပြောရင်းနဲ့ ယုတို့နှစ်ယောက် အိမ်ထဲကို ပြန်လမ်းလျှောက်ဝင်လာကြသည်။ 

ဦးငယ်က လူတွေရှေ့မှာ ယုကို စကားလာမပြောဘဲ. . လူရှင်းတော့မှ စကားလာပြောတာတော့ တမျိုးပဲ. .။

 ဒါလည်း ကောင်းတော့ ကောင်းပါတယ်။ မနှင်းနောက်ကွယ်မှာ ဦးငယ်နဲ့ ယု စကားပြောနေတာ မနှင်း သိသွားရင် မျက်နှာပျက်စရာတွေ ဖြစ်ကုန်အုံးမယ်။

'ဒါနဲ့ ယု. . ကောင်လေးနဲ့ပြတ်သွားတာလား' . . . ဦးငယ် ဗလုံးဗထွေးပြောလိုက်တာကို ယုသေချာ မကြားလိုက်ရ. ။ 

သို့သော် အဲလို ပြတ်သွားတာလားလို့ မေးလိုက်တယ်လို့ ယုထင်မိသည်။

"ရှင်"

ဦးငယ်က ချက်ချင်းစကားပြင်ပြီး

'သြော်. . မဟုတ်ပါဘူး။ ယု အဆင်ပြေရဲ့လားလို့'


"ဦးငယ်စောစောက မေးလိုက်တာ ကောင်လေးနဲ့ အဆင်ပြေလားလို့ မေးလိုက်တာလား"


'အဲ'


ဦးငယ်အဖြေကို ပြန်မစောင့်ဘဲ ယု အရမ်းဖြေချင်နေတဲ့ အဖြေကို ပြောချပစ်လိုက်သည်။"ဟုတ်တယ်. .ဦးငယ်ရေ ပြတ်သွားပြီ. . ။"


'ထင်တော့ ထင်သားပဲ'

"ဟင်. . ဦးငယ်က ဘယ်လို့သိတာလဲ"

ငါများ. . လိုင်းပေါ်မှာ ဟိုစာတွေရှဲ ဒီစာတွေရှဲ လုပ်ပြီး အရမ်းတွေ Blue နေလို့ တော်တော် သိသာသွားလား မသိပါဘူး။

'ဒီလိုပါပဲ. . .မိန်းကလေးတွေက ဘဲနဲ့ပြတ်သွားရင် ဆံပင်တို ညှပ်တတ်ကြတာများလို့လေ'


ယု အရမ်းရှက်သွားသည်။ ကိုယ့်ဆံပင်ကို ကိုယ်ပြန်ကိုင်မိရင်း

စာမျက်နှာသစ် (Myanmar Unicode + Zaw Gyi)Where stories live. Discover now