အပိုင်း (၂၆) - Warning

12.3K 144 0
                                    

အိပ်ရာထဲမှာ မျက်လုံးပြူးရင်း မနေ့ညက အကြောင်းများ တစ်စတစ်စ ပြန်လည်မြင်ယောင် လာမိသည်။


မဖြစ်တော့ဘူး. .ယု ဒီအတိုင်းကြီး ဘယ်လိုမှ ဆက်မနေနိုင်တော့ဘူး။


'ဦးငယ်'. . . . အသံစူးစူးဖြင့် ထအော်လိုက်မှ ဦးငယ် နိူးသွားသည်


"ဟင်.. "


ထိုအခါမှ ယုလည်း သူ့လက်ထဲက ရုန်းထွက်ခါ . .ရေချိုးခန်းထဲ ဝင်ပြေးသွားလေသည်။


၁၀ မိနစ်ခန့်ကြာသော်. .

ယုနှင့် ဦးငယ်တို့ စကားကောင်းကောင်း ပြန်လည်ပြောဆိုနိုင်သော အခြေအနေတစ်ခုကို ပြန်ရောက်လာပြီ.

အဝတ်အစားများလည်း ပြန်ဝတ်ပြီးကြပြီ. .၊ အသိတရားများလည်း ပြန်ရ၍ .

'ဦးငယ်. . . ယုကလေ. .အဲလို မိန်းကလေးမျိုးမဟုတ်ဘူး. .။ 

ယု အဲလိုမျိုး လုံးဝမဟုတ်ဘူး။ 

ဒါပေမယ့် ဦးငယ်ထင်ချင်ရာ ထင်လို့ရတယ်. .။ ဒီကိစ္စကိုလည်း မသိချင်ယောင်ဆောင်ပြီး မေ့လိုက်လို့ရတယ်. .။ 

ယုဘာမှ ပြဿနာမရှာပါဘူး. .။ ဒီအတိုင်း . .'

"ကျွန်တော်ကလည်း ယုထင်သလိုလူမဟုတ်ဘူး. . ။ 

ကျွန်တော်လည်း တွေ့ကရာမိန်းကလေးနဲ့ လိုက်အိပ်တတ်တဲ့လူမဟုတ်ဘူး။ 

အခုယုပြောနေတဲ့ပုံက ဒီလိုတွေ ဖြစ်ပြီးမှ မသိချင်ယောင်ဆောင်ပြီး မေ့လိုက်ရအောင် ဆိုတော့

ကျွန်တော်ကပဲ မိန်းကလေး တစ်ယောက်ကို စားပြီးနားမလည် ကျောရရုံ ကြံတတ်တဲ့လူတစ်ယောက်လုံးလုံးဖြစ်နေပြီဗျ.. "

'ယု စကားထဲမှာ ဦးငယ်ကို ကျောရရုံကြံတတ်တဲ့လူလို့ တစ်ခွန်းမှ မပါဘူး'


"ဟာ မပါပေမယ့် အဓိပ္ပာယ်ကတော့ အဲလိုမျိုး သက်ရောက်သွားတယ်လေ" 


ဦးငယ်က စအော်တော့. . ယုလည်း မျက်စေ့ဆုံမှိတ်ပြီး ပြန်အော်. .။

စာမျက်နှာသစ် (Myanmar Unicode + Zaw Gyi)Where stories live. Discover now