Part37(Unicode)

34.3K 3.3K 504
                                    

"ဒီအပတ် နိုရာမလာဘူးလား..."

ဘေစင်ပေါ်၌ ပန်းကန်အပေတွေကို ပုံချပေးရင်း သူမေးတော့ ဆိုင်းလော့ဒ်က ခေါင်းခါပြရင်းဖြင့်...

"မခေါ်ခဲ့တာ..."

"ဘာလို့လဲ သူ လာချင်နေမှာပေါ့..."

"မလာချင်ပါဘူး ဒီအပတ်သူ့ကျောင်းမှာ တေးသရုပ်ဖော်ပြိုင်ဆွဲဆိုလား အဲ့ဒါကရမှာတဲ့ တစ်‌ချိန်လုံးအကကျင့်နေတာ မှန်ရှေ့ကမခွာဘူး..."

ဆိုင်းလော့ဒ်က ပြောရင်းဖြင့် ဆေးကြာပြီးစီးသွားပြီ ဖြစ်သော ပန်းကန်အပေတွေကို ရေ‌စစ်နေရင်း...

"သတိရနေလို့လား..."

"အင်း! ပိတ်ရက်တိုင်း သူလာမှ စီစီညံညံလေးဖြစ်တာဆိုတော့ တစ်ခုခုလိုနေသလိုပဲလေ..."

သူပြောတော့ ဆိုင်းလော့ဒ်က နှာခေါင်းရှုံ့ပြီးမှ...

"ယောက်ျားကိုကျော်ပြီး ဒူးမနာသမီးကို လွမ်းနေရတယ်လို့ လူအို‌ကြီးတွေများ တယ်လည်းတလွဲဆံပင်ကောင်းတယ်..."

"ဘာရယ်..."

ဆိုင်းလော့ဒ်၏ အပြောကြောင့် တအံ့တသြဖြင့် မျက်ခုံးပင့်မိပြီးမှ...

"ဘယ်သူ့ကို လူအိုကြီးလို့လာပြောနေရတာလဲ...."

"ဒီနားမှာ အိုနေတာဘယ်သူရှိလို့လဲ..."

ဆိုင်းလော့‌ဒ်ပြောတော့ ရှင်းခန့်က ခပ်ဟဟရယ်ရင်း...

"အိုလည်းဘာဖြစ်လဲ အဲ့ဒီလောက်အိုနေလည်း တစ်ချို့ကောင်လေးတွေကို တမ်းတမ်းစွဲအောင် ဆွဲဆောင်နိုင်တုန်းပဲလေ..."

"အိုး! ယုံကြည်မှုတွေလွန်ကဲနေတာပဲ ဘယ်ကောင်လေးကများ တမ်းတမ်းစွဲနေလို့တုန်း.."

"မင်းလေ! အိ‌န္ဒြေတောင် မဆည်နိုင်ဘူးမှတ်လား ဒါတောင်ကိုယ်ကအိုနေပြီမို့ ကိုယ့်ကိုသာ ငယ်တုန်းရွယ်တုန်းမှာတွေ့ခဲ့ရင် မင်းသွက်သွက်ခါသွားလောက်တယ်..."

ရှင်းခန့်က ပြောရင်းဖြင့် ပခုံးချင်းတိုက်ပစ်သည်။တကယ့်ကို အမှန်အကန်ကြီး ဂုဏ်ဆာနေတာတောင်မှ ဒီအမျိုးသားဟာ သူ့မျက်စိထဲတော့ အမြင်ကပ်ဖို့ကောင်းလောက်အောင် ချစ်ချင်စရာကောင်းနေဆဲ။ကိုယ့်ဂုဏ်ကိုယ်ဖော်တက်လွန်းတဲ့ ဒီမသူတော်လေးဆီကနေ သူတကယ်ကို လွတ်လမ်းမမြင်တော့ပါ။လွတ်လည်း မလွတ်မြောက်ချင်တော့တာပါ။

Wild  Rose(complete)Where stories live. Discover now