အပိုင်း(၂)

12.1K 829 26
                                    


အလုပ်ကပြန်အလာ ဖေဖေစာကြည့်ခန်းထဲက ထွက်မလာသေးဘူး ဆိုတဲ့ မေမေရဲ့ စိုးရိမ်မူစကားတို့အဆုံး အပေါ်ထပ်ဖေဖေစာကြည့်ခန်းထဲ ဝင်လို့ ဖေဖေရဲ့ သောကတွေကို စာနာမိသည်။
လက်ခံနိုင်ခြင်းမရှိတဲ့ အငယ်ကောင်ဘုန်းမာန်ရဲ့ အပြုအမူတချို့ကြောင့် ဖေဖေနှင့်ဘုန်းမာန်ကြား သောကများရသည် မေမေ၊ အိမ်တွင်းမိသားစုအရေးမို့ မျက်ကွယ်မပြုနိုင်တဲ့ သားကြီး ကျွန်တော် ဘုန်းမြတ်ဟန်။

" ဖေဖေ "

" လာလေ..သားကြီး"

" သားတို့  ဘုန်းမာန် ကို အဖြစ်မှန်ပြောပြ ကြရအောင် ဒါဆို ငယ်လေး အပေါ်လည်း ခုလောက်ခါးသီးမှာ မဟုတ်ဘူး ဖေဖေ ..သားတို့ ပြောကြမလား "

" မပြောနဲ့ ဒီလောက် ကျေးဇူးကန်းတဲ့ကောင်ကို ဘာတစ်ခွန်းမှ အသိပေးစရာ မလိုဘူး အဲ့စကား ဒီမှာထားခဲ့ နောက်ဘယ်တော့မှမဟမိစေနဲ့ "

" ဟုတ်ကဲ့ ဖေဖေ ..."

" သားငယ်လေးရော...."

" ငယ်လေး အခန်းထဲမှာ ဂစ်တာတီးနေတယ်ဖေဖေ "

" အေးအေး ....သူ လိုအပ်တာ လုပ်ပေးလိုက် သားကြီး ၊ ဖေဖေတို့ သူကို့ စောင့်ရှောက်ရမယ် "

" ဟုတ်ကဲ့ ဖေဖေ "

မိသားစုနှင့်အတိုက်အခံလုပ်ပြီး ပြည်ပမှာ ၇နှစ်ကြာ ပညာတော်သင်ရင်း ကိုယ်ပိုင် company ကိုမိဘဆွေမျိုးအကူအညီမပါပဲ Mann  Group အမည်တစ်လုံးဖြင့် Canada အခြေစိုက် သွင်းကုန်/ ထုတ်ကုန်လုပ်ငန်း/ အီလက်ထရောနစ် လုပ်ငန်းများစွာက်ို ခေါင်းဆောင်နိုင်သည့် ဘုန်းမာန်။ ကိုယ်ခြေထောက်ပေါ် ကိုယ်ယုံကြည်ရာကို ရပ်တည်န်ိုင်အောင်ကြိုးစားခဲ့တဲ့ ပြေ့ဘုန်းမာန် က ဖေဖေလို မာနကြီးပြီး မောက်မာခဲ့တာ မဆန်းဘူးလေ။ ကွယ်ဝှက်ထားတဲ့အမှန်တရားကို သိခွင့်မရသေးတဲ့ ဘုန်းမာန်က စကားတွေလွန်ကုန်ပြီ၊ အမှားတွေ ဖြစ်ကုန်ပြီ။

သနားစရာ ဘဝကို တစ်ယောက်တည်း ရုန်းကန်နေခဲ့ရရှာတဲ့ ငယ်လေးက ရိုးသားသလောက် အမှတ်သည်းခြေ သိပ်ကြီးသည်။ အငယ်ကောင် အဖြစ်မှန်သိရမှ ဖြစ်မည်။

ငယ်လေး အခန်းရှေ့ တံခါးခေါက်မယ့်အလုပ် မျက်နှာချင်းဆိုင်က ညီငယ်က ကားသော့ကိုလက်ကလှည့်ပြီး အပြင်ထွက်မယ့်အဝတ်အစားDesign မို့ ဘယ်တုန်းကမှ ဘယ်သွားမယ်မမေးဘူးတဲ့ ညီကို နူတ်က ဖွင့်ဟ မေးမိသည်။

တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာOù les histoires vivent. Découvrez maintenant