အပိုင်း(၁၃)

8.9K 666 42
                                    

အချိန်သည်ကား ည ၁၂ နာရီကျော်နေပြီ ၊ အိပ်ချင်စိတ်က ဘယ်ဆီမယ်မသိ၊ Monday ရုံးတက်ရင် meeting ခန်းတွင်း share Holder တို့ကို ချပြရမယ့် planတွေ မစစ်ဆေးရသေး၊ Jay ပို့ပေးထားတဲ့ PowerPoint ကို ဖွင့်မကြည့်ရသေး။ ဘတ်ချက်အတွက် တင်ပြထားတဲ့ အသီးသီးသော ဌာနများစွာက files များကို ကောက်မကြည့်ရသေး။

HR ဌာနမှူးရဲ့ တွေ့ခွင့်တောင်းဆိုနေမူကိုပါ ထည့်မစဉ်းစားနိင်ခဲ့ပါ၊ အခြေအနေက ဘာတွေဖြစ်ကုန်ပြီ​လဲ။

လက်မှတ်ထိုးစရာ fileတွေက ကိုယ့်ရှေ့မှာ အစီအရီ။ အတွင်းရေးမှူး jay ပို့ပေးထားသော စစ်ဆေးဆဲ ဖိုင်တွေကို ညအချိန်လုပ်ရမည့် အလုပ်များ အကြောင်းမတွေးနိုင်သေး။ ဘယ်အရာကိုကောက်ဆွဲပြီး ဘယ်နေရာစပြီး လုပ်ရမလဲ မသိရသေး။

စားပွဲတင်နာရီလေးရဲ့ အချက်ပေးလူပ်ရှားသံလေးကလွဲ အိပ်ခန်းတွင်း စိုးရိမ်သောကကြောင့် ဘုန်းမာန်၏အသက်ရူသံခပ်ပြင်းပြင်းတို့က သိသာလျှက်။

မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ထားကာ သက်ပြင်းချရသည်က အကြိမ်ကြိမ်။ မို့မောက်ပြီး ရူထုတ်ရခက်ခဲနေသော ကျယ်ပြန့်သော ရင်အုတ်ကြီးက ပြင်းစွာလူပ်ရှားလျှက်။

" ငါဘာတွေ လုပ်ခဲ့မိတာလဲ ! ....." စသော ကိုယ့်ကိုကိုယ်အမေးစကား တစ်ခုတည်းကိုသာ ထပ်တလဲလဲ ရေရွတ်နေသော ဘုန်းမာန်တစ်ယောက် လူမသိသူမသိ ပြိုလဲခြင်းနိဒါန်းကိုခံစားမိပြီလေ။

မိသားစု၏သောကနှင့် စိတ်ဝေဒနာ ဟုသော အမည်အမျိုးမျိုးကို စွတ်ခူးပေးခဲ့ခြင်းက ကိုယ်တိုင်သော်တည်း။

မရေရာသေးသော တဖက်နိင်ငံဆီကပေးဖို့အုံးမည့် အတွငိးရေးမှူး မျိုးကိုဆီက Confirm call လေးအား အသက်ရူသံပြင်းပြင်းကြားက မဟုတ်ပါစေနဲ့ဟု တိတ်တိတ်လေးတောင်းဆိုနေမူများ။

" မေမေတစ်ယောက်...ဘယ်လိုခံစားနေရှာမလဲ...."

မာတာမိခင်ကို သနားတဲ့စိတ်။ သနားစိတ်အပြည့်ဖြင့် ညိုးငယ်နေမယ့် မေမေမျက်ဝန်းတွေကိုမြင်ယောင်ရင်း ရင်ထဲမွန်းကြပ်လာသည်။

ကိုယ်တိုင်ဖျက်ခဲ့မိသော မတည်နိင်တဲ့လက်ထပ်ပွဲလေးကြောင့် ဖခင်ဖြစ်သူကို အမည်မခေါ်ဝင့်ခဲ့။ အကြီးကောင် တစ်ယောက် ဘယ်လိုနေရှာမလဲ.....စသော....စသော....အတွေးများဖြင့် ။

တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာWhere stories live. Discover now