အပိုင်း(၄၈)

5.1K 368 40
                                    


" ဖေဖေ ......"

ပါးပူအောင်တစ်ချက်ထိုးခံလိုက်ရတဲ့ အခိုက် နာကျင်သွားသော ပါးကိုအုပ်ကိုင်ကာ ဒေါသတကြီးဆုံးမနေပါသော ဖခမည်းတော်ကျေးဇူးရှင်ကြီး ဦးဘုန်းမောင်။

" ငါကို အဖေလို့မခေါ်နဲ့ ...မင်းနဲ့ငါ သေခန်းပြတ်တယ် ဟိတ်ကောင်..."

" ဖေဖေ ...."

" အင့်....ဖေကြီး ...."

ဒေါ်မေကြည်ဟန် ပွေ့ဖက်ပေးထားတဲ့ပုခုံးလေးပေါ်ကနေ ငိုရိူက်သံလေးစွက်ပြီး ဦးဘုန်းမောင်ကိုတားဆီးနေတဲ့ လွယ်အွေ့လေး။

သားတစ်ယောက်ကဲ့သို့ ချစ်မြတ်နိုးရတဲ့ကလေးမို့ ငယ်စဉ်ထိခိုက်နာကျင်မူတွေမှ မပြီးသတ်သေး ကိုယ်သားကြောင့်ဒုတိယအကြိမ် ထပ်မံထိခိုက်ရပြန်သည်ဆိုတဲ့ အိမ်မက်ဆိုး/သတင်းဆိုးတို့ကို ကြားသိရချင်း မနက်အစောပိုင်းမှာပင် သားငယ်လေးရှိသော Para ဆေးရုံဆီသို့ နောက်လိုက်များနှင့်အတူ ဦးဘုန်းမောင်တို့ လူအိုကြီးစုံတွဲရောက်ရှိလာခဲ့ရသည်။

ကိုယ့်သားကြောင့် ဖြစ်ရတဲ့ ဒုက္ခိတမခေါ်အပ်သော မသန်စွမ်းခြင်း ရလဒ်ကို နှစ်ရှည်လများခံစားနာကျင်ရပါသော ဗန်လွယ်အွေ့လေးကို မိမိစိတ်ဆန္ဒကြောင့် လက်ထပ်ပေးအပ်မိခြင်းဆိုတဲ့နောင်တ, တရားတို့က သားငယ်လေးပျောက်ဆုံးနေခဲ့ရစဉ်တစ်လျှောက်လုံး အိမ်မက်ဆိုးတွေသာ လန့်နိူးပြီး ကောင်းစွာ မအိပ်စက်ခဲ့ရ။

ဆရာဖြစ်သူအပေါ် အားနာစိတ်၊ သားငယ်လေးအပေါ်စာနာသနားစိတ်တို့အပြည့်ဖြင့် ပြန်လည် တွေ့ရှိခဲ့ရချိန်က တန်ဖိုးရှိလွန်းလို့ အ ခြွေအရံများစွာထားပြီး ထပ်မံထိခိုက်ခြင်းမရှိအောင် ဂရုစိုက်နေမိတဲ့ကြားက ကိုယ့်သွေးသား အသုံးမကျလို့ ထပ်မံဖြစ်ခဲ့ရသော မနေ့က ဖြစ်ရပ်ဆိုးတို့အကြောင်း ကြားသိရချင်း ဆေးရုံရှိရာသ်ို့ ဒေါသတကြီး ထွက်လာမိခဲ့သည်။

" မင်း လူလိုနားမလည်တဲ့အကောင်....ထွက်သွာ...ငါတို့မျက်စိရှေ့က ...ဒီမြေကနေ အပီးထွက်သွား...အမိူက်လိုကောင်..."

" ဟင်းအင်း...ဖေကြီး......အဲလိုမပြောပါနဲ့ ....ဟင်းအင်း ကိုကို့ကြောင့်မဟုတ်ပါဘူး ဖေကြီး.."

တေးသစ္စာ ဖွဲ့ ချစ်ခြင်းမေတ္တာWhere stories live. Discover now